RaceTime (2018)
ဒီတစ်ခေါက်ကတော့ ကာတွန်းကြိုက်တဲ့ပရိတ်သတ်များအတွက်
RaceTime ဆိုတဲ့ ကာတွန်းကားလေးတင်ဆက်ပေးလိုက်ပါတယ်။
ဒီကားထဲမှာတော့ ဆောင်းရာသီ နှင်းတောထဲမှာ ကလေးတွေဟာ ကိုယ်တိုင်ဒီဇိုင်းထွင်ထားတဲ့
ဆွတ်ဖားလှည်းတွေနဲ့ နှင်းလျှောစီးပြီး နှစ်စဉ်ပြိုင်ပွဲပြုလုပ်နေကျပါ။
နှစ်တိုင်းလဲ ဖရန်ကီဆိုတဲ့မှန်ကြောင်လေးက ဗိုလ်စွဲနေကျပေါ့။
ဒီနှစ်မှာတော့ သူတို့အရပ်ကိုအသစ်ရောက်လာတဲ့ကောင်လေး ဇက်က
ဖရန်ကီကို စိန်ခေါ်ထားပါသတဲ့။
အဲဒါနဲ့ပဲ ဖရန်ကီလဲ ပြိုင်ပွဲမှာအနိုင်ရရေး အစွမ်းကုန်ကြိုးစားတော့တာပေါ့။
အဲ့တော့ ပြိုင်ပွဲမှာရော ဘယ်လိုရလဒ်ထွက်လာမလဲ။
အဲ့ရလဒ်ပေါ်မူတည်ပြိံးရော နောက်ဆက်တွဲဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာကတော့
ပူလောင်အိုက်စပ်နေတဲ့ရာသီဥတုမှာ နှင်းတောထဲက ကာတွန်းလေးကြည့်ပြီး အပူလျော့ကြပါစေလို့
ပြောရင်း အားပေးလိုက်ကြပါဦး…
Movie download

Comments
Post a Comment