Missing Link(2019)

IMDb.....7.0

Animation ဇာတ်ကားကောင်းတွေကို တမ်းတလွမ်းဆွတ်နေကြတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၉ထဲမှာ ပူပူနွေးနွေး ထွက်ထားတဲ့ Missing Link
(ပျောက်ဆုံးနေသော ကွင်းဆက်) ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်…

ဇာတ်ကားလေးဟာ ၁၈ရာစု ပတ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပြီးတော့ လိုင်နယ် ဖရော့စ်ဆိုတဲ့ စွန့်စားရှာဖွေသူတစ်

ဦးဟာ နယူးယောက်က အကြီးမားဆုံး စွန့်စားရှာဖွေသူတွေရဲ့ အသင်းကိုဝင်ချင်တဲ့အတွက် ဒဏ္ဍာရီလာ သတ္တဝါတွေ ကို

လိုက်လံစွန့်စား ရှာဖွေပါသော်လည်း အချည်းနှီးသာ ရလဒ်နောက်ဆုံး နိဂုံးချုပ်နေကျဖြစ်တဲ့အတွက် ကလပ်ကလူတွေအတွက်

သူဟာ လှောင်ပြောင်စရာပဲဖြစ်နေခဲ့ပါတယ် …
တစ်နေ့တော့ ကလပ်ကလူကြီးနဲ့အလောင်းအစားတစ်ခုပြုလုပ်ပြီး နှင်းလူမျိုးနွယ် ဒဏ္ဍာရီလာ ခြေရာကြီးသတ္တဝါကို

ရှာဖွေဖို့ ဟိမဝန္တာတောင်တန်းကြီးဆီကို စွန့်စားခန်းထွက်လာပါတော့တယ်။

ကိုင်း...သူစွန့်စားခန်းကြီးအောင်မြင်ပါ့မလား...လူတွေရဲ့ အထင်သေးတဲ့အမြင်တွေကို

ပြောင်းလဲပေးနိုင်မလား....သူ့စွန့်စားခန်းတွေမှာရော ဘယ်လိုအန္တရယ်မျိုးစုံနဲ့တွေ့ဆုံမလဲ...

သူကရောဖြတ်ကျော်နိုင်ပါ့မလား.....

ဒီဇာတ်ကားလေးမှာ နောက်ခံအသံသရုပ်ဆောင်များအဖြစ် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့

Hugh Jackman…Zach Galifianakis….Zoe Saldana စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်…

ဟာသအသောလေးတွေနဲ့ စွန့်စားခန်းတွေရင်ထိတ်စရာတွေ တွေ့ကြုံခံစားရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူကြပါဦး…








✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments