Simmba (2018)

ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်

ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲ

နောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့

============================================

ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ် သူကောင်းစားရေး "ဒါ ၂၁ ရာစုပဲ၊

ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာအဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ"ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊ သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ်

သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊ လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်

ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး တစ်ခုဖြစ်လာပါတော့တယ်

ခံစားချက်မဲ့ လောဘသားလို့ထင်ထားတဲ့ ဆင်(မ်)ဘားဟာအဲ့ဒိမြို့မှာ ညီမလေးတစ်ယောက်လို သံယောဇဉ်ရှိတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်အဲ့ဒိညီမလေးကို သူလာဘ်ယူနေတဲ့ လူဆိုးလူမိုက်တွေ ဒုက္ခပေးလာတဲ့အခါ

ဂိုအာမြို့ရဲ့ ထိပ်တန်း ရာဇဝတ်ကောင် ဒူရ်ဝါး ရာနာဒေးနဲ့ ထိပ်တိုက်တွေ့ကြလေသော အခါ





✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments