Tank – 34 (2018)
ဒီရုပ်ရှင်ကတော့ ဒုတိယကမ္ဘာစစ် အတွင်း ရုရှား ဂျာမန် အရှေ့ဘက် စစ်မျက်နှာမှာ မောစကိုနားအထိ ရောက်လာတဲ့ ဂျာမန်တို့ရဲ့ လျှပ်စီး ယန္တရား ထိုးစစ်ကို ရရာလက်နက် အင်အား နဲ့ ရွပ်ရွပ်ချွံချွံတိုက်ခဲ့တဲ့ ထူးချွန်တဲ့ တင့်ကား အဖွဲ့အကြောင်း တင်ဆက်ထားတာပါ ဒုတိယကမ္ဘာစစ် ရုရှားတွေက ဂျာမန်တွေရဲ ကျူးကျော်စစ်ကို မောစကိုနားအထိ ခက်ခက်ခဲခဲ တွန်းလှန်နေရတဲ့အချိန် သင်တန်းဆင်းခါစ တင့်ကား ကွန်မာဒါ တစ်ယောက်ဖြစ်တဲ့ အိုင်ဗာ့စကင် နီကိုလိုင်တစ်ယောက် နောက်ချန်တပ်တခုရဲ့ T 34 တင့်ကား တစ်စီးကို ဦးဆောင်ရတဲ့အခါ စစ်ကူ မရှိလို့ စိတ်ဓာတ်ထွေပြားနေတဲ့ အဖွဲ့သားများကို ပြန်လည် စည်းရုံးပြီး အင်အားအဆမတန်များပြားတဲ့ ဂျာမန် Panzer IV တင့်များကို တိုက်ခိုက်ရင်း နောက်ဆုံး အဖွဲ့ဟာ ကျဆုံးသူကျ အဖမ်းခံရသူ ခံခဲ့ရပါတယ် ကွန်မန်ဒါ နီကိုလိုင် တစ်ယောက် အကျဉ်းစခန်း မှာ ဘယ်လိုအခြေအနေ တွေကြုံတွေ့ခဲ့ရပြီး ရန်သူတော်ဟောင်းကြီးနဲ့ ပြန်တွေကာ အဆင့်ပိုမြင့်သော T 34-85 တင့်ပေါ် မည်သိုမည်ပုံ အကြောင်းတွေကြောင်း ရောက်သွားသလဲ ဆိုတာကိုတော့ စိတ်ဝင်စားရာ ကြည့်ရှူရမှာဖြစ်ပါတယ် ဒီရုပ်ရှင်ဟာဆိုရင် non stop action စစ်ပွဲ ရုပ်ရှင် တခုဖြစ်ပါတယ် တင့်ကားအယူအဆ CGI ဖန်တီးမှုတွေဟာ အလွန်လှပသလို အသံစနစ်ကလည်း ကောင်းမွန်ပါတယ် အထူးသဖြင့် ပထမပိုင်းတွင် ရုရှား T34 နှင့် ဂျာမန် Panzer IV များ ရင်ဆိုင်တိုက်ခိုက်ပုံမှာ ရင်သပ်ရှူမောရသကဲ့သို့ နောက်ပိုင်းတွင် နီကိုလိုင်တစ်ယောက် T34-85ရုရှားတင့် နှင့် သူထက်ပိုမို ကောင်းမွန်သော ဂျာမန် Panther တင့်များကို ရင်ဆိုင်အနိုင်ယူနိုင်ခဲ့မှုများကို မြင်တွေ့ရမှာဖြစ်ပါတယ် ဒုတိယကမ္ဘာစစ် စစ်ပွဲရုပ်ရှင်များ နှစ်ခြိုက်သူတို့ လုံးဝအကြိုက်တွေ့စေမယ့် ရုရှား ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com
Comments
Post a Comment