Baazaar (2018)

Baazaar ဆိုတာ အိန္ဒိယအခေါ်အရ ဈေး ၊ ဈေးကွက်ပေါ့....

ဟုတ်ပါတယ်

ဈေးဆိုတဲ့အတိုင်း ရောင်းသူရှိမယ် ၀ယ်သူရှိမယ်

ဈေးအပြိုင်တင်တာ ချတာတွေ အပြင်ရောင်းသူ ၀ယ်သူနှစ်ဦးကြားက ပင်မဦးတည်ရာ အရှုံးနဲ့ အမြတ်ဆိုတာလည်း ရှိမှာပေါ့....

ဒီဇာတ်ကားကြည့်ပြီးတော့ တွေးစရာတွေက ခေါင်းထဲမှာ အစပေါင်းများစွာ ထွက်လာတယ်...

ဘ၀သရုပ်ဖော်လို့ ပြောရမလား

စီးပွားရေးလောက အကြောင်း ၊ စတော့ရှယ်ယာဈေးကွက်အကြောင်းလား

ဒါမှမဟုတ် ကြီးပွားချမ်းသာချင်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲလား...

ကိုယ်လိုချင်သလို ယူလို့ ရပေမယ့်ကျွန်တော့်အတွက်က ရသစုံ ပါဝင်နေတဲ့ ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ....

ဟိုးငယ်စဉ်ကတည်းက ဘ၀ကို ချို့ ချို့ တဲ့တဲ့ နေလာခဲ့ရတဲ့ရှာကွန်းကိုသာရီ.....

မိဘရဲ့ လောင်းရိပ်အောက်ကနေ ထိုးထွက်ပြီးအလင်းရောင်ရှိမယ်ထင်တဲ့ မွန်ဘိုင်းမှာ အခြေချပြီးဘ၀ကို တက်လမ်းရှာချင်နေသူ လူငယ်လေး ရီဇ်ဝမ်အာမက်....

မြို့ ပြရဲ့ လူနေမှုစရိုက်တွေကြားမှာသိက္ခာနဲ့ ငွေကို အလဲအထပ်လုပ်နေမိတဲ့ မိန်းကလေး ပရီယာရိုင်း...

ဒီဇာတ်ကောင် သုံးခုက ဒီဇာတ်လမ်းရဲ့ ပင်စည်ဆိုရင်ပြိုင်ဘက်ကုမဏီအုပ်စုတွေ ၊ သူတို့ မိသားစုတွေအကြောင်းနဲ့ စတော့ရှယ်ယာဈေးကွက်အကြောင်းတွေက ဒီဇာတ်လမ်းရဲ့ အကိုင်းအခက်တွေလို့ ပြောရမှာပါ....

ကျွန်တော်ဒီလောက်ပဲ ညွှန်းပါရစေ....

၂၀၁၈ ခုနှစ်ထွက် ဘောလိဝုဒ်ကားတွေထဲမှာဒီကားဟာ မကြည့်မဖြစ် ကြည့်သင့်တဲ့ကားစာရင်းမှာပါတယ်လို့ ပြောရင်တောင် လွန်မယ် မထင်ပါဘူး ခင်ဗျာ။






✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments

Popular Posts