Sanam Teri Kasam (2016)

အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာ

ဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ် သူက ပုံတုံးတယ်

ရိုးတယ် အ တယ် သူ့ကို လူတိုင်းက အသုံးချလဲ သူခံတယ်

အမြဲတမ်း မျက်နှာလေးကို ပြုံးပြုံးထားတယ်...

သူက ဥာဏ်ကောင်းပြီး တော်ပေမဲ့ အိမ်က ပေးစားတဲ့

ယောင်္ကျားကို ယူရဖို့ပဲ စောင့်နေရတဲ့ သမီးကြီးပေါ့

သူ့အောက်က ညီမဖြစ်သူကတော့ ခေတ်ဆန်ပြီး

ရည်းစားရှိတယ် India တွေ ထုံးစံ အတိုင်း

အကြီး မင်္ဂလာဆောင်မှ အငယ်က မင်္ဂလာဆောင်ရတယ်

ဒီတော့ ညီမ ဖြစ်သူကလဲ ယောင်္ကျားမရသေးတဲ့ ဆာရူး ကို

အမြဲလိုလို နှိမ်နေခဲ့တယ်...

ဆာရူး အိမ်က သက်မှတ်ထားတာကလဲ နိုင်ငံခြား ဘွဲ့ ၂ ခုလောက်

အနည်းဆုံးရထားပြီး မျိုးရိုးမြင့်တဲ့ မိသားစု ကို သားမက်တော်ချင်တာ

ဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလွန်းလို့

ခေါင်းခါထွက်သွားတာ ၁၀ ယောက်ထက် မနည်းတော့ဘူး...

ဒီလိုကံဆိုးနေတာ ဆာရူး တစ်ယောက်ပဲ ရှိမယ် ထင်ရတယ်...

ဆာရူး တို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီ ဆန်ဆန်

ကောင်လေး တစ်ယောက် ရှိတယ် တစ်ကိုယ်လုံး တက်တူးတွေနဲ့

အမြဲတမ်း ဘီယာလေး တမြမြ နဲ့ မူးနေတဲ့သူ

သူ့အခန်းဆိုရင်လဲ ညတိုင်း မိန်းမပျက်တွေ ၀င်ထွက်နေတဲ့နေရာ

နာမည်လေးကလဲ ဆိုးသေး လူသတ်မှုနဲ့ ထောင်က လွတ်လာသူ

သူ့နာမည်က အင်ဒါ တဲ့

ရုပ်ချောပြီး ဗလ ခပ်တောင့်တောင့် နဲ့ ကောင်လေးပေါ့...

တစ်ရက် ဆာရူး ရဲ့ အဖြစ်ကို အင်ဒါ မြင်သွားတယ် သနားသွားမိတယ်

ဆာရူး အလုပ်လုပ်တဲ့ စာကြည့်တိုက်မယ် စာအုပ်တွေ သွားငှားပေါ့...

အင်ဒါ ရဲ့ လက်ရှိရည်းစားကလဲ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်

ဆိုတာ ဆာရူး သိတဲ့နောက်မှာ လူခြေတိတ်ချိန်လေး

အင်ဒါ အခန်းကိုသွား

အင်ဒါ ရည်းစားဆီမယ် သူမ ပုံစံကို ပြောင်းလဲပေးဖို့

အကူအညီတောင်းခဲ့တယ်

အဲ့ဒီအချိန်မှာပဲ မူးနေတဲ့ အင်ဒါ ရည်းစားရောက်လာ ရန်တွေဖြစ်ကြ

အင်ဒါ ဒဏ်ရာ ရသွားလို့ ဆာရူးက ဆေးခန်းလိုက်ပို့ နဲ့

တိုက်ခန်းက လူတွေကတော့ ဒီကောင်လေး နဲ့ ကောင်မလေး

ညားနေပြီဆိုပြီး ဆာရူးအဖေကြီးကို ချွန်တွန်းလုပ် ဟိုရှေးရိုးစွဲ

အဖေကြီးက ဆာရူး ကို အိမ်က နှင်ထုတ်လိုက်တယ်...

ဘ၀ မှာ မိသားစုကလွဲပြီး ဘယ်သူမှ မရှိဖူးတဲ့ ဆာရူး တစ်ယောက်

လေလွင့်ရတော့မယ့် အခြေအနေမှာ အင်ဒါက ဘေးနားက

ကိုယ်ရံတော်လို မားမားမတ်မတ် ရပ်တည်ပေးပြီး

အစွဲကြီးတဲ့ ဆာရူး တို့ အဖေ ဘယ်လို ပြန်ခွင့်လွှတ်လာအောင်

ကူညီမလဲ ဆာရူး ရဲ့ နဖူးစာ မှာပါတဲ့ ချစ်သူကရော အင်ဒါဖြစ်လာမှာလား

ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့...





✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments