Cinderella And The Secret Prince (2018)
စင်ဒရဲလားပုံပြင်ဇာတ်လမ်းတွေက မရိုးနိုင်အောင်များပြားလှပါတယ်။
စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။
ဒီအထဲကမှ ဒီဇာတ်လမ်းလေးကတော့ အခြားဇာတ်လမ်းတွေနဲ့မတူ တမူကွဲပြားခြားနားစွာဖန်တီးထားတာ ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ မင်းသားလေးဟာ နန်းတော်ထဲက
မှော်ဆရာမကြီးရဲ့အကောက် ကြံဒုက္ခပေးထားမှုကြောင့် စင်ဒရဲလားတို့ရဲ့အိမ်မှာ ကြွက်တစ်ကောင်အဖြစ် နေထိုင်နေရတာဖြစ်ပါတယ်။
ဒါကို စင်ဒရဲလားအပါအဝင် အခြားမိတ်ဆွေကြွက်နှစ်ကောင်လည်း မသိကြပါဘူး။
နန်းတော်ကပွဲသဘင်ကိုသွားကြ ဖို့လုပ်ကြရင်းနဲ့မှ မင်းသားလေးရဲ့ဘဝအကြောင်း သိခဲ့ကြရတာပါ။
သူတို့ကိုအကူအညီပေးနိုင်မယ့် မှော်ဆရာမ လေးတစ်ယောက်နဲ့လည်း ဆုံတွေ့ရင်းနှီးခင်မင်ခဲ့ကြတယ်။
သူတို့အားလုံးရဲ့ ကြိုးစားမှုနဲ့ မင်းသားလေးကို ကြွက် ဘဝကနေ လူ့ဘဝကိုပြန်ရောက်ဖို့ ကြိုးပမ်းခဲ့ကြပုံတွေ။
နန်းတော်ထဲကမှော်ဆရာမကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ကြရတဲ့တိုက်ပွဲတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် ဆန်းပြားတဲ့စင်ဒရဲလားဇာတ်လမ်းလေးတစ်ပုဒ်ကို အခြားဇာတ် လမ်းတွေနဲ့မတူ တမူကွဲစွာ ကြည့်ရှုခံစားရမှာဖြစ်တာမို့ အားပေးလိုက်ကြပါဦးနော်

✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com
Comments
Post a Comment