Sausage Party (2016) မြန်မာစာတန်းထိုး
_ဒီ Animation ရုပ်ရှင်ဇတ်ကားကို Sony Picture နှင့် Columbia ရုပ်ရှင်ကုမ္ပဏီ မှ စီစဉ်တင်ဆက်ထားပါတယ်IMDb 6.7/10 ထိ ရရှိထားပြီး Rated R အဆင့် သက်မှတ်ထားလို့ အသက်မပြည့်သေးသောကလေးသူငယ်များ နှင့် မိသားစု များ အတူတူ မကြည့်သင့်သော Animation ရုပ်ရှင်ကားဖြစ်ပါတယ်..Directors: Conrad Vernon, Greg Tiernan တို့ ရိုက်ကူးကာ
August 12, 2016 (USA) မှာ ရုံတင်ပြသခဲ့ပြီးBox office: 129.1 million USD ရရှိခဲ့ပါတယ်..ဒီဇတ်လမ်း အညွှန်းကို မပြောပြခင် ဘာသာပြန်ခဲ့တဲ့ Translator တွေ ရဲ့ စိုးရိမ်မှု ကိုပြောပြပါရစေ..ဒီဇတ်လမ်း တစ်ခုလုံးမှာ စကား ၃ ခွန်း ပြောရင် ၂ ခွန်းက အဆဲစကား ပါပါတယ်…Channel Myanmar မှာ မသင့်တော်သော ဆေးထိုးမှု များ ဘမ်းစကား များ မထည့်တော့တာ အတော်ကြာပါပြီဒါပေမယ့် အဆဲလွတ်အောင် ဘာသာပြန်ရင်လဲ ရသတွေ ပျက်ကုန်မှာဆိုးတဲ့ အတွက် ကျနော်တို့ငိုးမ လခွမ်း ဆိုတဲ့ စကားတွေ တွင်တွင် သုံးထားပြီး မူလ အရသာ မပျက်အောင် ကြိုးစားပေးထားပါတယ်ထို့ကြောင့် ရုပ်ရှင်ကြည့် ပရိတ်သက်များကို ကြိုတင်တောင်းပန်အပ်ပါတယ် ရုပ်ရှင်အရသာ ပျက်သွားရင်ကျနော်တို့ လိုအပ်နေသေးတာ ဖြစ်ပြီး ဖြည့်စွတ်ကြည့်ရှုပေးကြပါလို့ …..Translator တွေကတော့ Tariq L Walker . Ye Khant Min , Moe Oo Mann တို့ ဖြစ်ပြီးAdmin Little Neo မှ စကားလုံးများ ပြေပြစ်အောင် ပြင်ဆင်ပေးထားပါတယ်…(သစ်ဆန်းခန့်)
—————————-ဇတ်လမ်း အစမှာတော့ စားစရာတွေ ရောင်းတဲ့ စူပါမားကတ် ကနေ စတင်ထားပါတယ်…စားစရာတွေဟာ လူသားတွေကို ဘုရားသခင် လို့ မှတ်ယူထားပါတယ် မားကတ် မှာ ပုတ်သိုးမယ့် အန္တရာယ် ကနေကယ်တင်မယ့် အရှင်သခင်တွေလို့ မှတ်ယူထားကြတာပါ…တစ်နေ့တာ ဈေးဝယ်မှု မှာ ၀ယ်သူ ရွေးချယ်ဖို့ သူ့ထက် ငါ အပြိုင်အဆိုင် ဆုတောင်းကြရတာပေါ့မဟုတ်ခဲ့လို့ရှိရင် Out Of Date ဖြစ်သွားတဲ့အခါ သူတို့မသွားချင်ဆုံးနေရာက အမှိုက်ပုံးအိုကြီးရဲ့ မဲမှောင်နေသာတွင်းနက် ကြီးပါပဲ….ဒီဇတ်လမ်းမှာ မင်းသားကတော့ ၀က်အူချောင်း ပါပဲ ဟုတ်ပါတယ် ၀က်အူချောင်း ပါ….ဖရန့် ၊ ကားလ် ၊ ဘယ်ရီ တို့ ဟာ ၆ ချောင်းပါတဲ့ ၀က်အူချောင်းပါကင် ထုပ်ထဲက သူငယ်ချင်းတွေပေါ့သူတို့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး တွေ အဖွဲ့ ရှိနေပါတယ်ဘရန်ဒါ တို့ အုပ်စုပေါ့ သူတို့လဲ ပါမုန့်ချောင်း ၆ ခု တစ်ပါကင် ထုပ်ထဲကပါပဲ…အနီးကပ် နေရတဲ့ အခါ တစ်ဦးကို တစ်ဦး စိတ်ဝင်စားပြီး ချစ်မိပါလေရောအ၀ယ်ခံရတဲ့ အခါ အတူတူပါဖို့လဲ ဆုတောင်းကြရတာပေါ့… 😀တစ်ရက်မှာတော့ ဖရန့် တို့ ပါကင်ထုပ် ရော ဘရန်ဒါ တို့ ပါကင်ထုပ်ရော အ၀ယ်ခံရပါတယ်ဒါပေမယ့် စိတ်ဖောက်နေတဲ့ ပျားရည်မုန်ညင်းဗူး က သေကြောင်း ကြံစည် လို့မတော်တဆ မှုတွေ ဖြစ်ပြီး ဖရန့် ရော ဘရန်ဒါ က ဘုရားသခင်(ဈေးဝယ်သူ) ဆီကနေပြုတ်ကျ ပျောက်ဆုံးသွားပါတော့တယ်…ဖရန့် နဲ့ ဘရန်ဒါ တို့လဲ သူတို့ သူငယ်ချင်းတွေ နဲ့ အတူ ဘုရားသခင်(ဈေးဝယ်သူ) ဆီ ပြန်သွားလို့လမ်းစ ရှာရင်း နဲ့ ဘုရားသခင် (ဈေးဝယ်သူ) က သူတို့ကို ကြင်နာမှာ မဟုတ်ပဲ စားသုံးဖို့ သက်သက်ဆိုတာသိသွားတဲ့ အခါမှာတော့…..(ရုပ်ရှင်ရဲ့ အချိန် 00:44:45 နေရာရောက်လို့ ကြည့်မိတဲ့အခါ ၀ါးလုံးကွဲ မရယ်မိဖို့ သတိပြုပါ ကျော်မကြည့်နဲ့နော် 😛 )
Movie download
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
🌐kowaiphyolinkwpmarshmello.blogspot.com🌐
Comments
Post a Comment