The Meg 2018


2018 ထဲက ရှားရှားပါးပါး ရုံတင်ထားတဲ့ ငါးမန်းရုပ်ရှင်

The Meg ကို CM ကနေ HD Rip အဆင့် နဲ့ တင်ဆက်ပေးလိုက်ပါပြီ

ဒီရုပ်ရှင်ကားဟာ မကြာသေးခင် လ ကမှ ရုံချခဲ့တာ ဖြစ်ပြီး အစောဆုံး HD rip အဖြင့် ကြည့်နိုင်တာပါ

ရုပ်ရှင်တွင် ကိုရီးယား စာသားများ ပါရှိသဖြင့် မြန်မာစာကို နောက်ခံ အမဲ ဖြင့် တင်ဆက်ပေးထားလို့

မျက်စိနောက် သက်သာကြမှာပါ

The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဟာ

ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်

လူတိုင်းချစ်ကြတဲ့ အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး

တရုတ်မင်းသမီးချောလေး Bingbing Li လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်

ဇတ်လမ်း ပုံစံကတော့ မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ

ရေအောက် အနက်ဆုံးကြမ်းပြင်သို့ လေ့လာရေး အဖွဲ့ကို စေလွှတ်ပြီး

မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်...

ဒါပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ဆုံးရေအောက်ကြမ်းပြင်မှာ

နှစ်ချို့ သတ္တ၀ါကြီးတွေ ကျတ်စားရာ ဒေသ ဖြစ်ပြီး အမျိုးအမည်မသိ

သတ္တ၀ါ အချို့ ရဲ့ တိုက်ခိုက်မှုကို ခံရပြီး ရေငုတ်ယဉ်ငယ် ဟာ

လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်

ဒီနောက်မှာတော့ အားလုံးကို အဆက်ဖြတ်ပြီး

ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူ

ဂျိုးနက်စ် ကို သွားပင့်ရပါတော့တယ်

အင်မတန် ချေနေတဲ့ ဂျိုးနက်စ် က ပိုက်ဆံဘယ်လောက်ပေးပေး

မလိုက်ဘူးဆိုပေမယ့် အဲ့ဒီ ပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယဉ်ငယ် တွင်

သူ့ Ex ပါ ပါသွားတာကို သိခဲ့ရပြီး ကယ်ဆယ်ဖို့ လိုက်သွားပါတော့တယ်...

ဂျိုးနက်စ် တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင် မှာ ဒုက္ခရောက်နေတဲ့သူတွေကို

ဘယ်လို ကယ်တင်နိုင်မလဲ မမြင်ရတဲ့ သတ္တ၀ါကြီးတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့

ဆက်လက်ကြည့်ရှုလိုက်ကြပါစို့လား....

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးသူကတော့ May Thu ဖြစ်ပြီး

Thit San Khant မှ တင်ဆက်ပေးထားပါတယ်

(ဒီရုပ်ရှင်ကားဟာ စာတန်းထိုး မမှန်တဲ့အတွက် အနီးစပ်ဆုံး စကားလုံးများကို
နားထောင်ပြီး ပြန်ထားတာ ဖြစ်တဲ့အတွက် လိုအပ်ချက်များ ရှိခဲ့ပါက
သည်းခံခွင့်လွှတ်ကြည့်ရှုပေးကြပါရန် )


Movie download






✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com


Comments