To My 19-Year-Old (2018)
29 May 2018 (China)N/A 2018 1h 39min 7.5
IMDB: 7.5/10 1,784 votes Huang Chao-liang N/A China, Hong Kong 27189
ကျွန်မတို့အတိတ်မှာ အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ခဲ့ရပေမယ့် ရင်ထဲ မေ့လို့မရနိုင်ခဲ့တဲ့ ချစ်ရသူတွေ ရှိကြမှာပါ။တကယ်လို့သာ အချိန်စက်ဝန်းကိုပြန်လှည့်ခွင့်ကြုံခဲ့ရင် သူ့ဆီပြန်သွားမှာလား ?ဒါမှမဟုတ် စွန့်လွှတ်ဖို့အတွက် ရွေးချယ်မှာလား ?အချစ်ဦးကိုပဲ တမ်းတသတိရနေတဲ့ စွန့်စားခရီးထွက်နေသူ မို့ရှောင်ဖုန်းတစ်ယောက် လမ်းခရီးမှာ မတော်တဆဖြစ်ပြီး ဆုံးပါးသွားတဲ့အခါ သူအချစ်ဦးအတွက် နေ့စဉ်ရေးနေခဲ့တဲ့ စာသေတ္တာလေးဟာ သူချစ်ရသူ ရန်ယိရွှယ်ဆီရောက်လာခဲ့ပါတယ်။မို့ရှောင်ဖုန်းကိုချစ်ပေမယ့် သူငယ်ချင်းသံယောဇဉ်တွေ အတင်းအဖျင်းတွေကို ကြောက်လို့ စွန့်လွှတ်ခဲ့တဲ့ ရန်ယိရွှယ်တစ်ယောက် နောင်တတွေနဲ့ ငိုကြွေးရင်း မို့ရှောင်ဖုန်းပေးခဲ့တဲ့ သေတ္တာလေးဟာ အတိတ်ကာလကို ဆက်သွယ်လို့ရတဲ့ ဆန်းကြယ်တဲ့အရာဖြစ်နေမှန်း သိသွားတဲ့အခါ…..
သူနောင်တရခဲ့တဲ့ အခိုက်အတန့်တွေကိုပြန်လည်ပြုပြင်ရင်း ဒီသေတ္တာလေးရဲ့အကူအညီနဲ့ သူ့ရဲ့ ၁၉နှစ်အရွယ်ဘဝကို ပြန်သွားခဲ့တဲ့ ရန်ယိရွှယ်တစ်ယောက် ဒီတစ်ခါရော မို့ရှောင်ဖုန်းနဲ့ အတူရှိဖို့ကို ရွေးချယ်မှာလား…..ဒါမှမဟုတ် သူ့အပေါ် အနစ်နာခံကူညီပြီးကြင်နာတဲ့ လက်ရှိချစ်သူ ကျီယုအနားမှာပဲ ဆက်ရှိနေမှာလား…..ဆိုတာလေးကိုတော့ ဒီဇာတ်ကားလေးကို အဆုံးအထိကြည့်ရှုပြီး ခံစားကြည့်လိုက်ကြပါနော်။အဓိပ္ပာယ်ရှိတဲ့စာသားလေးတွေနဲ့ ကိုယ့်ရဲ့ဆယ်ကျော်သက်ဘဝကို ပြန်လည်အမှတ်ရမိစေမယ့် ဇာတ်လမ်းကောင်းလေးမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။မို့ရှောင်ဖုန်း အဖြစ်Po-Hung Linရန်ယိရွှယ်အဖြစ် Anni Shiရန်ယိရွှယ်ရဲ့ လက်ရှိချစ်သူ ဝန်ကျီယုအဖြစ် Minghan Heမို့ရှောင်ဖုန်းကို တစ်ဖက်သတ်ချစ်နေသူ ရန်ယိရွှယ်သူငယ်ချငိး လီချန်အဖြစ် Wendy Wang တို့ကပါဝင်သရုပ်ဆောင်ထားပြီး Rating 7.5/10ရထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
File Size : (850 MB) and (380 MB)
Quality : WEB-DL 720p
Running Time : 1hr 39min
Format : Mp4
Genre : Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080P WEB-DL AVC AAC-HQC
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com
Comments
Post a Comment