The Satellite Girl And Milk Cow (2014) မြန်​မာစာတန်းထိုး


ကိုရီးယားရုပ်သံဇာတ်လမ်းတွေကပဲ Ro တတ်တာမဟုတ်ပါဘူးနော် ကိုရီးယား animation လေးတွေကလဲ Ro တတ်ပါတယ်



ဇာတ်လမ်းဇာတ်အိမ် ထူးထူးဆန်းဆန်းလေးကိုမှ Comedy, Adventure နဲ့ Romance ပေါင်းစပ်ထားတဲ့ fiction animation မျိုးဆိုရင်ရော စိတ်ဝင်စားကြမလား


စိတ်ဝင်စားတယ်ဆိုရင်တော့ “The Satellite Girl and Milk Cow” က သင့်ကို သေချာပေါက် ကျေနပ်ပျော်ရွှင်မှု ပေးစွမ်းနိုင်မှာပါ
ကမ္ဘာမြေရဲ့ ဟိုးအဝေးအပြင်ဘက် အာကာသဟင်းလင်းပြင်ထဲက ဂြိုလ်တုငယ်တစ်ခုဟာ ရေဒီယိုအန်တနာကနေတဆင့် ကမ္ဘာမြေဆီက ချစ်ခြင်းဖွဲ့တေးသံတစ်ပုဒ်ကို နားထောင်လိုက်ရပြီး



 လူသားတစ်ယောက်လိုစိတ်ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုခံစားချက်တွေဖြစ်ပေါ်စေတဲ့ အရင်းအမြစ်ကိုရှာဖွေဖို့ ကမ္ဘာမြေဆီဆင်းသက်လာတဲ့လမ်းခုလတ်မှာ မှော်စွမ်းအင်တိုက်ပွဲတစ်ခုထဲကြားညပ်ပြီး Ilho လို့ခေါ်တဲ့ လူတစ်ပိုင်းစက်ရုပ်တစ်ပိုင်းမိန်းကလေးအသွင် ပြောင်းသွားခဲ့ပါတယ်။




အဲဒီအချိန်မှာ သူမမြင်တွေ့ချင်လွန်းလှတဲ့ သီချင်းရှင်အညတရဂီတသမားလေး Kyungcheon ကတော့ အသည်းကွဲဝေဒနာကြောင့် ကံဆိုးမိုးမှောင်ကျပြီး လူစင်စစ်ကနေ နို့စားနွားကြီးတစ်ကောင်အဖြစ် ပြောင်းသွားခဲ့ပါပြီ။




 ပိုဆိုးတဲ့အချက်က ကမ္ဘာမြေပေါ်က အသည်းကွဲသမားအားလုံးဟာ လူဆိုးကြီး Mr.Oh ဦးစီးတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့ ကြောက်မက်ဖွယ်မီးရှို့စက်ကြီးတစ်ခုရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရတာပါပဲ။




 Mr.Oh ဟာ မီးရှို့စက်ကြီးကိုအားဖြည့်ဖို့ အသည်းတွေခိုးယူစုဆောင်းနေတာဖြစ်ပြီး အဲဒီမီးရှို့စက်ကြီးကိုသာ နှိမ်နင်းနိုင်ခဲ့ရင် ကမ္ဘာကြီးကို မကောင်းတဲ့မှော်စွမ်းအားတွေရဲ့ လွှမ်းမိုးမှုအောက်ကနေ ကယ်တင်နိုင်မှာဖြစ်ပါတယ်။




 Ilho နဲ့ Kyungcheon တို့ကို အကူအညီပေးမယ့်သူကတော့ အိမ်သာသုံးတစ်ရှူးလိပ်ဖြစ်အောင် ပုံပြောင်းခြင်းခံထားရတဲ့ ပညာရှိမှော်ဆရာကြီး Merlin ပါ။



 သူတို့သုံးဦးသား ဘေးအန္တရာယ်ပေါင်းစုံကို အိုးနင်းခွက်နင်း ရင်ဆိုင်ကျော်လွှားကြရင်း လူဆိုးတွေကိုဘယ်လိုအနိုင်ယူနှိမ်နင်းကြမလဲ၊ ကံကြမ္မာအလှည့်အပြောင်းကြောင့် မူလပုံစံအတိုင်းတွေ့ဆုံဖို့ လွဲချော်ခဲ့ရတဲ့ Ilho နဲ့ Kyungcheon တို့ ဘယ်လိုမျိုးသံယောဇဉ်တွယ်ညိသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်။




Movie download








✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments