John Wick(2014) & John Wick: Chapter 2 (2017)
John Wick(2014)JOHN WICK ဆိုတဲ့သူဟာ ကြေးစားလူသတ်သမားတစ်ယောက်….ကြေးစားလူသတ်သမားလောကတင်မဟုတ်ဘူး…ရဲဘက်ကတောင် JOHN WICK ဆိုတဲ့သူကိုထိတ်လန့်ကြောက်ရွံ့နေတယ်လို့ပြောရမည်ထင်သည်….
လူသတ်လက်နက်ပေါင်းစုံနဲ့အပစ်အခတ်တွေ၊သွေးသံရဲရဲတွေနဲ့ လောကငရဲကြားကနေချစ်ခြင်းမေတ္တာအရင်းခံပြုပြီး မိန်းကလေးတစ်ယောက်ကJOHN WICK ကိုနွေးထွေးတဲ့သီးခြားကမ္ဘာငယ်လေးဆီခေါ်ဆောင်လာခဲ့တယ်..JOHN WICKကြီးအတွေ ပျော်စရာနေ့ရက်တွေပေါ့..သို့ပေမယ့် သူကြာကြာကံမကောင်းခဲ့ရှာဘူး….JOHN WICK ရဲ့ အမျိုးသမီးဟာ ကင်ဆင်ရောဂါနဲ့ဆုံးပါးသွားတယ်…တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ချစ်ပါလို့စာရေးခဲ့ရင် ခွေးလေးတစ်ကောင်ကိုထားခဲ့တယ်…ခြောက်ကပ်လုဆဲဆဲ JOHN WICK ရဲ့ ကမ္ဘာလေးထဲမှာ သူ့ရဲ့ခွေးလေးက နောက်ဆုံးလက်ကျန် အစွမ်းအဆမဲ့သံယော်ဇဉ်အမျှင်တန်းလေးတစ်ခုပါပဲ…တစ်နေ့တော့ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီးလိုချင်လို့ ၀င်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။ခွေးတော့ခွေးပါပဲ..ဒါပေမယ့် ဒီခွေးက JOHN WICK ရဲ့ခွေးဖြစ်နေတယ်….အဲ့ဒီနောက်မှာတော့ဇာတ်လမ်းက သာမန် Revenge ဇာတ်ကားဖြစ်ပေမယ့် အက်ရှင် အရမ်းကောင်းသလို ဇာတ်ရှိန်အတက်အကျ မှန်တာကြောင့်ပရိတ်သတ် အနေနဲ့ လုံးဝမပျင်းရပါဘူး။ တစ်ကားလုံး စိတ်ဝင်စားဖို့ ကောင်းသလို၊ ခွေးလေးတစ်ကောင်အတွက် လက်စားချေတယ်ဆိုပေမယ့်ဒီ Idea ကို အဓိပ္ပာယ်ရှိရှိ သရုပ်ဖော်သွားပါတယ်။ ဇာတ်လမ်းထဲက Fight Scene တွေကလည်း သေသေချာချာ ဇာတ်တိုက်ထားသလို၊Fight Coordinator တွေကလည်း Bourne Ultimatum တို့ 300 တို့ကလူတွေဖြစ်တာကြောင့် ချခန်းတွေကလည်း အသက်ဝင်ပါတယ်။ဒီကားက Equalizer နဲ့ ဇာတ်လမ်းသဘာဝတူပေမယ့် ဒီကားက Fight Scene တွေ Action Scene တွေပိုများပြီးSlow Motion အပေါ် မမှီခိုထားသလို၊ Computer Graphic သိပ်မသုံးထားပါဘူး။ သွေးထွက်တာကအစPractical Effect တွေဖြစ်ပြီးတော့၊ တကယ့် Stunt သမားတွေသုံးပြီး ရိုက်ထားတာ ဖြစ်ပါတယ်။
Movie download
John Wick: Chapter 2 (2017)
ဂျွန်ဝစ်ခ် ၂ မှာတော့ သူ့ရဲ့ကားကို လူဆိုးဂိုဏ်းဆိုကနေ မရရအောင် ပြန်လိုက်ယူတာကနေ စပါတယ်။ ကားပြန်ယူအပြီးမှာတော့ မူလရည်ရွယ်ချက်အတိုင်း အနားယူဖို့ အိမ်ပြန်လာပါတော့တယ်။ ဒါပေမယ့် အနားယူချိန်ဟာ မကြာခဲ့ပါဘူး။ သူအတိတ်က အနားယူခွင့်ရဖို့ လုပ်ပေးခဲ့တဲ့ နာက်ဆုံးအလုပ်ကို ကူညီပေးခဲ့တဲ့သူက သူ့အတွက် အလုပ်လုပ်ပေးဖို့ အကြွေးပြန်လာတောင်းပါတော့တယ်။ ဂျွန်ဝစ်ခ်ကို အကြပ်ကိုင်ပြီး လူသတ်ခိုင်းတဲ့အပြင် အလုပ်အပြီးမှာ ရှင်းပစ်ဖို့ပါ ကြိုးစားခဲ့ပေမယ့် ပန်လွတ်မြောက်သွားတဲ့ အချိန်မှာတော့ သိတဲ့အတိုင်းပဲ အဲ့ဘဲ အကြောင်း…
Movie download
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments
Post a Comment