Two Tails (2018)

ဒီကာတွန်းကားလေးကတော့ ဂြိုဟ်သားတစ်စု ကမ္ဘာမြေပေါ်ကို စွမ်းအင်အရင်းအမြစ်တစ်ခု

ရှာဖွေဖို့ ရောက်လာရင်း ကိစ္စပေါင်းစုံ ကြုံရတဲ့အကြောင်းကို

ချစ်စဖွယ်ရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်

မက်စ်ဆိုတဲ့ကြောင်လေးက အင်မတန်မှကို နာမည်ကြီးချင်တဲ့ကြောင်လေးပါ

အဆိုကိုလည်းအင်မတန်ဝါသနာပါပါသေးတယ်

ဒါပေမယ့်လည်း သူသီချင်းဆိုရင် ကားပေါ်က ကန်ချတဲ့သူက ကန်ချ၊

နားပိတ်ထားတဲ့သူကပိတ်ထား ထွက်ပြေးတဲ့သူကပြေး ဖြစ်ရလောက်တဲ့အထိ

သီချင်းဆိုကောင်းသူပါ ဘော့ကတော့ သူ့သူငယ်ချင်းဖျံလေးပါ

တောအုပ်ထဲမှာအလုပ်အကြိုးစားဆုံးဖျံလေးပါပဲ

သူတို့နှစ်ယောက်အေးရာအေးကြောင်း နေလာရင်းနဲ့ တစ်ရက်မှာတော့

သူတို့နားကို ပန်းကန်ပြားပျံကြီး ပျက်ကျလာပါတော့တယ်

ဂြိုဟ်သားလေးတွေက ခင်မင်နှစ်လိုဖွယ်ရှိပေမယ့်

သူတို့နောက်ကိုလိုက်လာတဲ့ တစ်ဖွဲ့ကတော့ ရန်လိုတာမှ အတိုင်းထက်အလွန်ပါ.

ရောက်လာတာနဲ့အကုန်လျှောက်ဖမ်းရင်း မက်စ်နဲ့သူငယ်ချင်းတွေပါ

ပါသွားတဲ့အခါမှာတော့ မက်စ်ခမျာ ပြန်လည်ကယ်တင်ဖို့လုပ်ရပါတော့တယ်

ဒီကြားထဲမှာ ဂြိုဟ်သားတွေကိုဖမ်းချင်နေတဲ့

ညီအစ်ကိုနှစ်ယောက်ကိုလည်း ရှောင်ရပါသေးတယ်

နောက်ဆုံး မက်စ်ဘယ်လိုဖြေရှင်းလိုက်နိုင်မလဲဆိုတာ ပိတ်ကားထက်မှာ

ဆက်လက်ကြည့်ရှုကြပါစို့ မတူညီပေမယ့် ကွာခြားပေမယ့်

သူငယ်ချင်းတွေအဖြစ်ရပ်တည်နိုင်ပြီး သူငယ်ချင်းအတွက်ဆို

အသက်ပဲပေးရ ပေးရ ဆိုတဲ့ သံယောဇဉ်တွေကိုလည်း

ဒီဇာတ်ကားလေးထဲမှာ ခံစားရမှာပါပဲ


Movie download



✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments