Quest for Camelot(1993)အညွှန်း
Animation ကားကတော့ IMDb rating (6.3) ရရှိထားပြီး musical fantasy အမျိုးအစားလေးပါ။
ဒီဇာတ်လမ်းလေးထဲမှာတော့ ကေလီဆိုတဲ့ ကလေးမလေးက သူ့အဖေလိုမျိုး သူရဲကောင်းတစ်ယောက် ဖြစ်ချင်နေသူပဲ ဖြစ်ပါတယ်။
သူ့အဖေကတော့ ကမ်းမလော့မြို့ရဲ့ ဆာဘွဲ့ရ သူရဲကောင်းတစ်ယောက်ဖြစ်ပြီး နာမည်ကတော့ ဆာလိုင်နိုလို့ခေါ်ပါတယ်...
တစ်နေ့ လူဆိုးတစ်ယောက်ဟာ ဘုရင့်ကိုလုပ်ကြံလေတော့ ဆာလိုင်နိုက ၀င်ရောက်ကာကွယ်ပေးခဲ့တယ်..ဘုရင်က ဘာမှမဖြစ်ပေမယ့် ဆာလိုင်နိုတစ်ယောက် အသက်ပေးခဲ့လိုက်ရတယ်..
.လူဆိုးလည်းထွက်ပြေးလွတ်မြောက်သွားတယ်....ကေလီနဲ့သူ့အမေတို့အတွက် ရွှေတောင်ကြီးပြိုလိုက်သလိုပါပဲ.....
ဒီ Animation ကားလေးကတော့ King Arthur တို့လက်ထက်ကိုအခြေခံရိုက်ကူးထားပြီးတော်တော်ကိုဆွဲဆောင်မှုရှိပါတယ်...သီချင်းလေးတွေလည်း ဇာတ်ကွက်အလိုက် အလှပဆုံးထည့်ကျူးထားသလိုတင်ဆက်ပုံတွေကလည်း တကယ့်ကိုကောင်းမွန်ပါတယ်..
..ဇာတ်လမ်းအစကနေအဆုံးထိ ဆွဲဆောင်မှုရှိပြီးအဖမဲ့ ကလေးမလေး ကေလီရဲ့ လှုပ်ရှားရုန်းကန်ပုံတွေရှေးခေတ် သူရဲကောင်းတွေရဲ့ သူရဲကောင်းဆန်မှုတွေ..ယုတ်မာတွေတဲ့သူတွေ့ရဲ့ ကြောက်စရာကောင်းတွေဆိုးယုတ်မှုတွေကိုပြထားတာပါ..
.မိသားစုနဲ့အတူကြည့်လို့ကောင်းမွန်တဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါကြောင်းသတင်းကောင်းပါးပါရစေ...
Movie download
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments
Post a Comment