Money Heist [Season 1 Complete] La casa de papel (2017)
ဘဏ်ဓါးပြ တိုက်တဲ့ ဇတ်လမ်းတွဲပဲ ဖြစ်ပါတယ်
2017 May2 ကထွက်ရှိခဲ့တဲ့ Money Heist( စပိန်လိုကတော့ La casa de papel သို့
The Paper House ) လို့ခေါ်တဲ့
ဒီစီးရီးဟာဆိုရင် Spain နိုင်ငံမှာ
နာမည်ကြီးလူကြိုက်များခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။
ထူးခြားတာကတော့ ဒီစီးရီဟာ Limited series ဖြစ်ပါတယ်။
ဒီစီးရီးကို ဖန်တီးခဲ့တဲ့သူကတော့ Lex Pina ဖြစ်ပြီးတော့
အစောပိုင်းကတော့ စပိန်ရုပ်သံလိုင်းတခုဖြစ်တဲ့ Antena 3 အတွက်
ဖန်တီးရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီစီးရီးမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ
ပါဝင်ရိုက်ကူးထားတာဖြစ်လို့ သဘောကျမှာအသေအချပါပဲ
နောက်ပိုင်းမှာတော့ ဒီကားဟာ စပိန်တလွှားမှာ
နာမည်ကျော်သွားတဲ့အတွက် နာမည်ကြီးNetflixကနေ
တာဝန်ယူဖြန့်ချိပေးခဲ့ပါတယ်။
ဒီseries အမျိုးအစားလေးကတော့ Action , Thriller, Crime , Mystery
ပေါင်းပြီးခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။
ဒီseries ရဲ့ Theme songဟာဆိုရင်တော့ ” My life is going on”
ဖြစ်ပြီးတော့ ဒီသီချင်းဟာဆိုရင်ဒီseries ကိုတစ်ပိုင်းလောက်စကြည့်ပြီးတာနဲ့
စိတ်ထဲမှာ ခံစားမှုတခုပေးနိုင်လောက်တဲ့အထိ
စွဲဆောင်နိုင်ပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းဟာ ဆိုရင်တခြားဘဏ်ဓားပြတိုက်တဲ့ကားတွေနဲ့
ခွဲထွက်နေတဲ့စီးရီးဖြစ်ပါတယ်။
ဒီSeriesမှာ ပရောဖက်ဆာလို့ ခေါ်ကြတဲ့ အလွန်ဥာဏ်ကောင်းပြီး
အကွက်ကျကျစီစဉ်ပြီးမှ လုပ်တဲ့လူက
တခြားနယ်ပယ်အသီးသီးကကျွမ်းကျင်ရာဇဝတ်သားတွေနဲ့
ပူပေါင်းပြီးတော့ သမိုင်းမှာစံချိန်ချိုးရလောက်တဲ့အထိကြီးမားတဲ့
ယူရို သန်း၂၄၀၀ကိုယူဖို့ရာဇဝတ်မှုကျူးလွန်ကြတာတွေ
ရဲတွေကြားမှာဘယ်လိုထောင့်စိအောင်
အစီအစဉ်တကျအကွက်ကျကျမျက်လှည့်ပြသလိုလုပ်ပြီး
ဥပဒေကိုလက်တစ်လုံးခြားဆောင်ရွက်သွားတာတွေကို
ရင်သပ်ရှုမောဖွယ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ် …………..
Movie download
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments
Post a Comment