Aladdin 1992 မြန်မာစာတန်းထိုး

ကဲအားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လာမယ့် ၂၀၁၉ မှာ Aladdin ရုပ်ရှင်ကို
ရုံတင်ပြသတော့မှာ ဖြစ်ပါတယ် အခုဆိုရင်လည်း You Tube မှာ Teaser
Trailer တွေ ထွက်လို့လည်းနေပါပြီ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်
တွေကိုလည်း မိတ်ဆက်ထားပြီပါပြီ ဒီတော့ ရုပ်ရှင်မကြည့်ရသေးခင်
ဟိုးတုန်းက ထွက်ထားတဲ့ Animation ကာတွန်းလေးကို ပြန်လည်ခံစားနိုင်အောင်
GC ပရိတ်သတ်ကြီးဆီသို့ အရောက်ပို့ဆောင်ပေးလိုက်ပါပြီ
IMDB ကလည်း 8/10 ဆိုတော့ Wow ပေါ့ဗျာ

လူတိုင်းလူတိုင်း အာလာဒင်လို့ကြားလိုက်တာနဲ့ မီးခွက်စောင့် ဘီလူးကြီးကိုပါ
တွဲမြင်ကြမှာ မလွဲဧကန်ပါပဲ ကျွန်တော်တို့ ငယ်ငယ်ကလည်း ကာတွန်းစာအုပ်တွေမှာ
မြန်မာမှုပြုပြီး ပြန်ဆွဲထားတာတွေက အရမ်းကိုနှစ်ခြိုက်သဘောကျစရာ
ကောင်းခဲ့ပါတယ် မသိသူမရှိလောက်အောင်ကို အောင်မြင်မှုတွေရခဲ့တာပါ
ဒီဇာတ်လမ်းတွေဟာ အာရေဘီယံရဲ့ အိပ်ယာဝင်ပုံပြင်တွေဆိုပေမယ့်
ကာတွန်းရိုက်တဲ့အခါ ကြည့်လို့အရမ်းကောင်းအောင် ဆွဲဆောင်ထားနိုင်ပါတယ်
ဇာတ်လမ်းအညွှန်းလေးကတော့......
အာလာဒင်ဆိုတဲ့ လမ်းဘေးက ကလေကချေ ကောင်လေးတစ်ယောက်က ဈေးထဲမှာ
အစားအသောက်တွေကို အမြဲတစေ သူ့မျောက်လေးနဲ့အတူ ခိုးယူစားသောက်ရင်း
ဘဝကို ရှင်သန်နေထိုင်တာပါ ကလေကချေဆိုပေမယ့် သူ့မှာ ကြင်နာတတ်တဲ့
နှလုံးသားလေးလည်း ပိုင်ဆိုင်ထားပါသေးတယ် သူတို့ အက်ဂရာဘက် ပြည်နယ်
ဘုရင်ကြီးရဲ့ အကြံပေး ဂျက်ဖာက မီးခွက်ရှိမယ့်နေရာကို လိုက်ရှာရင်း နောက်ဆုံး
တွေ့သွားပါတော့တယ် သို့ပေမယ့် ထိုဂူက ထိုက်တန်တဲ့သူသာ ဝင်လို့ရမယ့်ဂူ
ဖြစ်နေတော့ ဂျက်ဖာ အကြပ်ရိုက်သွားတာပေါ့ ဒီလိုနဲ့ နန်းတော်ထဲမှာကလည်း
မင်းသမီးရဲ့ ကြင်ယာတော်ရွေးပွဲရှိနေတော့ ဘုရင်ကြီးကလည်း သူ့သမီးအတွက်
ခေါင်းတွေရှုပ်နေလေရဲ့ မင်းသမီးကလည်း ကြာတော့ စိတ်ညစ်လာရင်း တစ်ရက်
နန်းတော်အပြင်ခိုးထွက်ပါလေရော ဒီလိုနဲ့ ဈေးထဲရောက်လာတဲ့အခါမှာ အာလာဒင်
နဲ့ဆုံမိရာကတစ်ဆင့်........ဘယ်လိုတွေဆက်ဖြစ်ကြမလဲ...
မီးခွက်ကဘယ်လိုအစွမ်းရှိလဲ.....ဘယ်သူက ထိုက်တန်ပြီး မီးခွက်ကို ဝင်ယူလို့ရမှာလဲ
ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့
ငွေရောင်ပိတ်ကားပေါ်ဆက်စောင့်ကြည့်ကြပေါ့နော်.....

Trailer မကြည့်ရသေးသူတွေ အတွက် Trailer link
လေးပေးလိုက်ပါတယ်

https://m.youtube.com/watch?v=9g5knnlF7Zo


Running Time....01:26:42
Quality.....BRip
Size......680MB



Movie download







✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments