Mile 22 (2018)

ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ

ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး

မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း

အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ်

ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး

ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး

ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ

အမေရိကန် အစိုးရပိုင်းက သူ့ကို

သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ

ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်...

သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ

ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့

သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ်

ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ

သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို

ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်...

ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့

မတွေ့ခဲ့ရပါဘူး...

တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ

အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို

ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ

ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်...

အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့

ခံထားပြီး ၈ နာရီအတွင်း ဒေတာတွေ အပြီးဖျက်မယ့် စစ်စတမ် တစ်ခုပါ

ထည့်သွင်းထားတော့ ဂျိမ်း တို့ အဖွဲ့ အကျပ်ရိုက်ကုန်ပါတယ်...

လီ ဆိုတဲ့သူ က နာမည်ပဲ သိရတယ် သူ့နောက်ကြောင်း ဘာတစ်ခုမှ

လိုက်မရခဲ့ဘူး ဘယ်နိုင်ငံက သူလျိုလဲ အေးဂျင့်လဲ ဘာညာ ခြေရာခံမရဘူး

လုံးဝ အစ အန ပျောက်နေတယ်...

ဒီတော့ကာ အကြမ်းအရမ်း အက်ရှင်ခန်းတွေ နဲ့ စိတ်ဝင်စားဖို့ ကောင်းလွန်းပါတယ်​။


ရုပ်ရှင်ကား ရဲ့ စာကြောင်းများဟာ ပြီးပြည့်စုံစွာ ထွက်ရှိလာခြင်း

မရှိသေးတ​ကြာင့်​ အားနည်းချက်

တစ်ချို့ ရှိခဲ့ပါက ဖြည့်စွတ်နားလည်ကြည့်ရှုပေးကြပါလို့

မေတ္တာရပ်ခံချင်ပါတယ် :D

(ရုပ်ရှင်ကားဟာ Webrip အဆင့်သာ ရှိသေးပြီး

ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ပိုမိုကောင်းမွန်တဲ့

ဘာသာပြန်မှု အသစ် ထွက်လာတဲ့အခါ

ထပ်ပြီး Update လုပ်ပေးပါ့မယ် )



Movie download



✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com


Comments