One Week Friends (2017)

ဒီကားလေးအကြောင်းမပြောခင် ဒီကားထဲကမင်းသားအကြောင်းအရင်ပြောပါရစေ။ ဒီကားထဲကမင်းသား Yamazaki Kento ဟာ လက်ရှိ ဂျပန်သရုပ်ဆောင် Top 10 မှာ နံပတ်တစ်ဖြစ်ပြီး သူ့ကို Prince of Live action လို့လဲ ခေါ်ကြပါတယ် ဘာလို့လဲဆိုတော့ ဂျပန် Anime တော်တော်များများကို သူပဲ ပြန်ရိုက်ရတာများလို့ပါ။ သူနာမည်ကြီးခဲ့တဲ့ကားတွေကတော့ Your Lie in April တို့ Wolf Girl and Black Prine တို့ ပါ။ ကဲအခု ဇာတ်ကားအကြောင်းပြောရအောင်။
ဒီ One Week Friends ဇာတ်ကားဟာ Live Action မထွက်ခင် Animeမှာ ကတည်းက ပရိသတ်အားပေးမှု အပြည့်အ၀ရရှိထားပြီး အားလုံးကြိုက်နှစ်သက်ခဲ့ကြပါတယ်။ Live Action ထွက်တော့ ကျွန်တော် တွေးမိသေးတယ် Animeကို မှီပါ့မလားလို့ဆိုပြီး ကန်တို ကို ယုံကြည်ပေမယ့် Animeတော်တော်များများကို Live Action ထွက်ရင် Animeကိုမမှီပဲ ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်ကားတွေက တလှေကြီးမို့ပါ။ ဒါပေမယ့် ကျွန်တော့်အထင် တက်တက်စင် လွဲသွားပါတယ်။ ဒီ Live Action လေးက အတော်လေးကို ကောင်းလွန်းတဲ့အပြင် ဇာတ်ကားတိုင်းလိုလို အချေဇာတ်ရုပ်နဲ့ သရုပ်ဆောင်တဲ့ ကန်တို တောင် ဒီကားထဲမှာ ဟိုလူ့တောင်းပန် ဒီလူ့တောင်းပန် နဲ့ ဇာတ်နာပြထားပါ။ ဇာတ်အိမ်တည်ဆောက်ထားပုံလေးက လုံးဝပေါ့ပါးပြီး ပရိသတ်ရဲ့ ခံစားချက်ကို လှလှကြီး ကစားပြသွားတယ်လို့ ပြောလို့ရအောင် ကောင်းလွန်းပါတယ်။ ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ၀မ်းနည်းဖွယ်တွေကို သူ့နေရာသူနဲ့သူ နေရာတကျစီပြသွားတာကိုက တကယ်အနှစ်ပါလွန်းပါတယ်။ ဒီလောက်ဆို ဇာတ်ကားအကြောင်း ညွှန်းတာတော်သင့်ပြီထင်ပါတယ် ။ ဇာတ်လမ်းပုံစံလေးကတော့ တိုတိုလေးပဲပြောပါတော့မယ် ဇာတ်ကားနာမည်အတိုင်းပါပဲ တစ်ပတ်တစ်ခါ အတိတ်မေ့သွားလေ့ရှိတဲ့ ကောင်မလေးနဲ့ အဲ့ဒီကောင်မလေးကို အသေအလဲ ခွက်ရှ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းလေးပါပဲ။ ဒီထက် ပိုတဲ့ ဇာတ်ကွက်တွေပါပေမယ့် ဒီလောက်လေးပဲပြောပါရစေ


Genre: Comedy, Drama, Romance
Director: Shôsuke Murakami
Actors: Haruna Kawaguchi, Kento Yamazaki, Sayuri Kokushô, Seika Furuhata
Country: Japan
Released: 18 Feb 2017
Score: 7.1
Duration: 120 min
Quality: 720P
Years: 2017
View: 164


Movie download








✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments