The Scorpion King:The Book Of Souls (2018) (မြန်မာစာတန်းထိုး)

ဒီဇာတ်​ကားကတော့ ၂၀၁၈ခုနှစ်​မှာထွက်​ထားတဲ့

Scorpion King ၅ကားမြောက်​ ဇာတ်​ကားဖြစ်​ပါတယ်

 ဇာတ်​လမ်းရဲ့ကျောရိုးကတော့ ဖာရိုဘုရင်​လက်​ထပ်​မတိုင်​ခင်

ရှေးအီဂျစ်​ပြည်​မှာ ဘုရင်​မန်​တပ်​ဟာ

သေမင်းနတ်​ဘုရား အနူးဘစ့်​နဲ့ အပေးအယူပြုလုပ်​ခဲ့ပါတယ်

 အပေးအယူအရ သေမင်းနတ်​ဘုရားအနူးဘစ့်​က တန်​ခိုးသြဇာကြီးမားလှတဲ့

ဓားတစ်​ချောင်းကို ဖန်​တီးပေးခဲ့တယ်

အဲ့ဓားကိုပိုင်​ဆိုင်​တဲ့သူက ကမ္ဘာကြီးကို အုပ်​ချုပ်​နိုင်​တဲ့အထိ

စွမ်းအင်​ကြီးမားသွားပါလိမ့်​မယ်

 ထိုဓားကို သေမင်းနတ်​ဘုရား အနူးဘစ့်​ ဖန်​တီးခဲ့ပုံကလဲ

ဝိညာဉ်​တွေကို လောင်​စာအဖြစ်​သုံးပြီး ငရဲပြည်​က မီးလျှံတွေကြားမှာ ထုလုပ်​ခဲ့တာပါ

ထိုဓားနဲ့ဇီဝိန်​ကြွေခဲ့ရတဲ့သူတိုင်းဟာ “ဝိညာဉ်​စာအုပ်​”လို့ခေါ်တဲ့

” book of souls”မှာ ပိတ်​မိနေကြပြီး ထာဝရညှင်းပန်းနှိပ်​စက်​ခြင်းကို ခံကြရမှာပါ

ကမ္ဘာကြီးရဲ့ ကံကြမ္မာဟာ အမှောင်​နတ်​ဘုရား အာနူးဘစ်​ရဲ့ဓားကို

ပိုင်​ဆိုင်​တဲ့သူလက်​ထဲမှာရှိနေတဲ့အတွက်​ ဓားကိုဖျက်​ဆီးပစ်​ဖို့ လိုအပ်​လာပါတယ်

ဓားကိုဖျက်​ဆီးနိုင်​တဲ့လျှိ့ဝှက်​ချက်​ကလဲ “ဝိညာဉ်​စာအုပ်​”ထဲမှာပဲရှိပါတယ်

 ဒါပေမယ့်​ “ဝိညာဉ်​စာအုပ်​”ကို ဘယ်​မှာသိမ်းထားတယ်​…..

ဘယ်​လိုပုံစံရှိတယ်​ဆိုတာ ဘယ်​သူမှမသိကြပါဘူး

ဒီဇာတ်​လမ်းမှာ Scorpion King ဟာ လူသားများစွာရဲ့အသက်​တွေကို ခြိမ်းခြောက်​နေတဲ့

အမှောင်​ဘုရင်​ အာနူးဘစ်​ရဲ့ ဓားကိုဖျက်​ဆီးနိုင်​ဖို့အတွက်

“ဝိညာဉ်​စာအုပ်​”ရှာပုံတော်​ထွက်ခဲ့ပါတယ်

ရှာပုံတော်​ထွက်​တဲ့ လမ်းခရီးတစ်​လျှောက်​မှာကြုံတွေ့ရမယ့်

စွန့်​စားခန်းတွေကိုတော့ ………….. .ပိတ်​ကားပေါ်မှာပဲ….. ဆက်​လက်​ကြည့်​ရှုလိုက်​ကြပါခင်​ဗျာ…..






✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments