Teen Bride ( 2018 ) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးကတော့ Manga Artist တစ်ယောက်ဖြစ်တဲ့ ဆရာမ Kanan Minami ရဲ့ 2014 ခုနှစ်က ဖြန့်ချိခဲ့တဲ့ Manga လေးတစ်ခုကို အခြေခံရိုက်ကူးထားပြီး 2018 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ခုပဲ ဖြစ်ပါတယ် ...

Originals Name ကတော့ Miseinen dakkodomo janai ပဲ ဖြစ်ပါတယ် ...

ဇာတ်လမ်းကတော့ ရွှေမင်းသမီးလိုနေရတဲ့ ကာရင် (Yuna Taira) လေးက ပုံပြင်ထဲက လက်ထပ်ပွဲလေးလိုဖြစ်ဖို့ အမြဲစိတ်ကူးယဉ်နေခဲ့သူတစ်ယောက်ပါ ... သူမအသက် ၁၆ နှစ်ပြည့်တဲ့အချိန်မှာတော့ သူမရဲ့ မိဘတွေဆီကနေ လက်ဆောင်တစ်ခု ရရှိခဲ့ပါတယ် ... အဲ့ဒီလက်ဆောင်ကတော့ လက်ထပ်ထိမ်းမြှားခြင်းပါ ...

သူလက်ထပ်ရမဲ့ သတို့သားကတော့ သူမရဲ့ First Love ဖြစ်တဲ့ နာအို ( Kento Nakajima ) ပဲ ဖြစ်ပါတယ် ... နာအို က အထက်တန်းကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ ကျောင်းသားတစ်ဦးလဲ ဖြစ်ပါတယ် ...

ကာရင် ကတော့ နာအို့ ကို အချစ်စစ်အချစ်မှန်နဲ့ ချစ်ခဲ့ပေမယ့် ... နာအို က တော့ လက်ထပ်ပွဲလုပ်ခဲ့ရခြင်းဟာ အခြား အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်နေခဲ့ပါတယ်  ...

အဲ့လိုနဲ့ အမြဲတမ်း ပုံပြင်ထဲကလိုဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့ရတဲ့ ကာရင် တစ်ယောက် တကယ်တမ်း အသက် ၁၆ နှစ်ပြည့်လို့ လက်ထပ်လိုက်ရတဲ့အချိန်ကျ သူ့ရဲ့ စိတ်ကူးနဲ့လက်တွေ့ ကွဲလွဲနေမလား ??
နာအို (Kento Nakajima) နဲ့ ပုံပြင်ထဲက ကြည်နူးစရာကောင်းတဲ့ ဇနီးမောင်နှံ လိုပဲ ဖြစ်သွားကြမလား ?
ရွှေမင်းသမီးဘဝကနေ ဇနီးနေရာရောက်သွားတော့ ဘယ်အရာတွေက သူမကို စောင့်ကြိုနေမလဲ ?? ဆိုတာတွေကိုတော့ Teen Bride ဆိုတဲ့ ဇာတ်ကားလေးမှာ စီးမြောခံစားကြည့်ရှု လိုက်ကြရအောင်နော် ...

Romance နဲ့ Comedy ကို အချိုးကျ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် ဆယ်ကျော်သက် ကိုကို , မမ တို့အတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ ...

Rating အရ လက်ရှိမှာတော့ IMDb မှာ 7.4/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ ...


Quality : Blu-ray 720p
File Size : 840 MB




Movie download




✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments