After the Rain (2018)
ဒီရုပ်ရှင်ကားဟာ Koi wa ameagari no yô ni
ဆိုတဲ့ အပိုင်လေးတွေ နဲ့ ပြတဲ့ Anime TV Series ကို
Live Action အဖြစ် ပြန်လည်ရိုက်ကူးထားတာပါ
အခိရာ တချိဘန ဆိုတဲ့
ကောင်မလေး ဟာ အသက် ၁၇ နှစ် ရှိပြီဖြစ်ပြီး
အထက်တန်းကျောင်းသူလေး တစ်ယောက်ပေါ့...
သူမ ဟာ ကျောင်းမှာ စာတော်ပြီး အားကစားမှာလဲ
အပြေး ချံပီယံ ဖြစ်ပါတယ် သူမ ရဲ့ စံချိန်ကို မှီတဲ့
သူ တစ်ယောက်မှ ပေါ်ထွက်မလာခဲ့ပါဘူး...
တစ်ရက်မှာတော့ ခြေထောက်ဒဏ်ဖြစ်ပြီး
သူမ အိပ်မက်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့တယ်...
စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူမ အားကစားအဖွဲ့ကို
ဘယ်တော့မှ ထပ်မလာခဲ့တော့ဘူး...
အဲ့ဒီအစား သူမ အတွက် မက်လောက်စရာ ဘာမှ မရှိတဲ့
အိမ် နဲ့ ဝေးတဲ့ စားသောက်ဆိုင် သေးသေးလေး တစ်ခုမှာ
စားပွဲထိုး ၀င်လုပ်နေခဲ့တယ်...
ဆိုင်မှာ ရှိတဲ့ ယောင်္ကျားလေး မှန်သမျှ ဟာ သူမ ကို
စိတ်ဝင်စားကြတယ် သူမ ရဲ့ မျက်နှာချေချေ နေမှုကြောင့်
ဘယ်သူမှ မစ ရဲကြဘူး...
အားလုံးကလဲ ဒီလို ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်မလေး
တစ်ယောက်က ဘာလို့ စားပွဲထိုး လာလုပ်နေလဲ
ဆိုတာလဲ နားမလည်နိုင်ခဲ့ကြဘူး...
ဒါပေမဲ့ အဲ့ဒီနေရာမှာ အခီရာ အတွက်
အရေးကြီးတဲ့ လူတစ်ယောက်ရှိနေပါတယ်
သူမ ချစ်သော ဦး ပေါ့...
အဲ့ဒီ ဦး က အသက် ၄၅ နှစ် ရှိပြီ အရမ်းရိုးအေးတဲ့ လူ
စိတ်ဓါတ်လဲ မှန်တယ် အူကြောင်ကြောင် ပုံစံ ဖြစ်နေပေမဲ့
သူမ ချစ်တာက အဲ့ဒီပုံစံလေး ဖြစ်နေတာတော့ မတက်နိုင်ဘူးပေါ့
အခီရာ က ဦးကို ချစ်နေပေမဲ့ ဖွင့်မပြောပါဘူး
မျက်နှာချင်းဆိုင်မိတောင်
မျက်နှာကို ခပ်တည်တည်ထားပြီး
မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်ပစ်တဲ့
ကလေးမလေး ပါ....
အခီရာ ရဲ့ ဦး ကိုချစ်တဲ့ အချစ်ဟာ ဆယ်ကျော်သက်တွေ
စိတ်ကစားသလို အချစ်မဟုတ်ပဲ အရမ်းကို ဆန်းကျယ်ပြီး
ခမ်းနားလှတဲ့ အချစ်မျိုး နဲ့ ချစ်တာပါ
ဦး ကို အရိပ်တကြည့်ကြည့်မြင်ရတဲ့နေရာမှာ
အလုပ်လုပ်တယ် ဦး ရဲ့ အငွေ့အသက်နဲ့
သူမ အသက်ဆက်ရှင်တယ်....
ဒီလိုနဲ့ တစ်ရက်မှာတော့ ဦးကို ချစ်တဲ့အကြောင်းတွေ
ပြောပြရဖို့ အကြောင်း ဖန်လာခဲ့သော အခါ....

Comments
Post a Comment