Ratsasan (2018) မြန်မာစာတန်းထိုး
(Drama / mystery )
IMDb rating : : 9.1
Google users : : 99%
ဟုတ်ပါတယ် Rating 9.1/10 ပါ။
ခုနောက်ပိုင်း ပေါကားထဲက ဖောက်ထွက်လာတဲ့
ဇာတ်ကားတစ်ကားဆိုရင် မမှားပါဘူး။
ဇာတ်လမ်းအညွှန်း
——————–
လူသတ်မှုတစ်ခုဖြစ်ပြီဟေ့ဆို ပုံမှန်ဆို ရဲတစ်ယောက်က
အမှုကိုစစ်ဆေးမယ်. . .အချက်အလက်တွေစုမယ်
သက်သေအထောက်အထားရှာမယ်
ဒီကြားထဲမှာ လူသတ်သမားရဲ့
လူသတ်ရခြင်း ရည်ရွယ်ချက်ကို သိရပြီဆို
ထပ်ဖြစ်လာနိုင်တဲ့နာက်ဆက်တွဲ အမှုတွေကို
တားဆီးနိုင်မယ်. . .တရားခံကိုဖမ်းဆီးပြီး
အပြစ်ပေးနိုင်မယ်ပေါ့. . .
ဒါက ပုံမှန်စိတ်အနေအထားမျိုးနဲ့
လူသတ်တတ်တဲ့ လူသတ်သမားတွေကို
ရဲတွေ အမှုလိုက်တဲ့ပုံစံ. . .
အကယ်၍များ လူသတ်သမားဟာ
သမရိုးကျ လူသတ်သမားတွေလို မဟုတ်ပဲ
ရည်ရွယ်ချက်မဲ့ သတ်တာဖြတ်တာမျိုး ဆိုရင်ရော. . .
ဒါမှမဟုတ် . . .
လူသတ်ရတာကို စိတ်ပျော်မွေ့လို့ လုပ်တာဆိုရင်ရော. . .
ရဲတစ်ယောက်အနေနဲ့ ဘယ်လိုများ အဖြေရှာမလဲ. . .
တရားခံကို ဘယ်လိုဖမ်းမလဲ. . .
ကြိုတင်ခန့်မှန်းလို့ မရတဲ့
လူသတ်သမားရဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုတားဆီးမလဲ..
အဲ့ဒီအချက်တွေအားလုံးကို
ဒီကားမှာ ပြထားတယ်. . .
မွန်ဘိုင်းမြို့မှာ
မိန်းကလေးတွေ ပျောက်ဆုံးနေတယ်
တူညီမှုတစ်ခုက အားလုံးဟာ
အပျိုဖော်ဝင်စ မြီးကောင်ပေါက် အရွယ်လေးတွေ. . .
ပျောက်ဆုံးပြီးလို့ နှစ်ရက်ကြာရင်
အဲ့ဒီမိန်းကလေးတွေရဲ့ အလောင်းကို
တစ်နေရာရာမှာ ကြွပ်ကြွပ်အိတ်နဲ့ ထုပ်လျှက်သား တွေ့ ရတယ်။
ရိုးရိုးသေဆုံးတာမျိုး မဟုတ်ပဲ၊
ခန္ဓာကိုယ် နေရာအနှံ့ မှာ ဓားနဲ့ အမွှန်းခံထားရတဲ့ ဒါဏ်ရာတွေပရပွနဲ့ တွေ့ ရတာ။
ဆံပင်တွေ အုံလိုက်အနှုတ်ခံထားရတယ်၊
သွားတွေ အနှုတ်ခံထားရတယ်။
မှုခင်းဆေးပညာတွေရဲ့ဆေးစစ်ချက်တွေအရ. . .
ဒါတွေအားလုံးကို အသက်ရှင်လျှက် အလုပ်ခံရသတဲ့။
တစ်ယောက်စ နှစ်ယောက်စကနေ
အရေအတွက်များလာတယ် . . .
ဒီလိုအမှုမျိုးကို
ရုပ်ရှင်ဒါရိုက်တာရူးတစ်ယောက်ကနေ
ကံမကောင်း အကြောင်းမလှလို့
ရဲဖြစ်လာတဲ့ အာရွန်းဆိုတဲ့ လူတစ်ယောက်က
ကိုင်တွယ်ဖြေရှင်းပုံကို
စိတ်ဝင်စားဖို့ကောင်းအောင်
ရိုက်ပြထားတယ်. . .
ပုံမှန်တွေ့ မြင်နေကျမဟုတ်တဲ့ တင်ဆက်ပုံကို
ဒီကားမှာမြင်ရပါလိမ့်မယ်…
စိတ်ဝင်စားစရာတွေပြည့်နှက်နေတဲ့
ဇာတ်ကားကောင်းလေးမို့
အကြိုက်တွေ့ စေမှာ သေချာပါတယ်…
Movie download
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com
Comments
Post a Comment