Rampant 2018 မြန်မာစာတန်းထိုး
Train to busan ဇာတ်ကားနဲ့ တစ်ကမ္ဘာလုံးမှာ
ဝက်ဝက်ကွဲပေါက်ခဲ့တဲ့
Next Entertainment & Media ရဲ့
ဒုတိယခြေလှမ်းကတော့ Zombie တွေကို
ကိုရီးယား နန်းတွင်းထဲ
ဂျိုဆွန်းခေတ်ထိပို့လိုက်တာပါပဲ။
နာမည်ကျော်မင်းသား ဟွမ်ဘင်း (Hyun Bin) နဲ့
ဂျန်ဒေါင်ဂန် (Jang Dong-gun) ကို
ခေါင်းဆောင်ပါဝင်ထားပြီး နိုင်ငံရေးအာဏာပြိုင်မှုနဲ့ Zombie တွေရဲ့ ပြန့်နှံ့မှုကို ပေါင်းစပ်ထားတဲ့
ဇာတ်လမ်းအိုင်ဒီယာကတော့
စိတ်ဝင်စားဖို့ကောင်းပါတယ်။
ချင်နိုင်ငံရဲ့ ပဏ္ဏာဆက်နိုင်ငံဖြစ်နေတဲ့
ဂျိုဆွန်းရဲ့နိုင်ငံရေးကို အဓိကချယ်လှယ်ထားသူက
ဝန်ကြီး ကင်မ်ဂျာဂျွန်း (ဂျန်ဒေါင်ဂင်)။
လက်ရှိနန်းတင်ထားတဲ့ မင်းကြီးက
သားနှစ်ယောက်ရှိပေမယ့် တစ်ယောက်က
နိုင်ငံရေးသဘောတူညီချက်အရ ချင်နိုင်ငံကို
ပို့ထားရတဲ့ လီချန်း (ဟွမ်ဘင်း)။
လီချန်းက အဲ့ခေတ်မှာ အတော်ဆုံးတိုက်ခိုက်ရေး ပညာရှင်။
ဒါကြောင့်လည်း ချင်နိုင်ငံဘုရင်က သူ့ကို
ခေါ်ထားရတာ၊ ဂျိုဆွန်းမှာ ကျန်ခဲ့တဲ့ သားကြီး
လီယွန်းကလည်း ခေသူမဟုတ်။
ချင်နိုင်ငံကို ရရာလက်နက်နဲ့ တော်လှန်ဖို့ လုပ်နေသူ။
ဒါပေမဲ့ ချင်နိုင်ငံနဲ့ ပနံသင့်တဲ့ ဝန်ကြီး
ကင်မ်ဂျာဂျွန်းရဲ့စနက်နဲ့ ဇီဝိန်ချုပ်သွားရ။
တစ်ချိန်တည်းမှာပဲ ဂျယ်မူပိုဆိုတဲ့
ဆိပ်ကမ်းမြို့မှာလည်း နိုင်ငံခြားကုန်သင်္ဘောက
တစ်ဆင့်ပါလာတဲ့ Zombie virus ကလဲ
စပြီးပြန့်နေချိန်မှာပဲ ဂျိုဆွန်းကိုပြန်လာတဲ့
မင်းသားလီချန်းတစ်ယောက်
ဂျိုဆွန်းမြေကိုစနင်းတဲ့အချိန်မှာပဲ
ထူးဆန်းတဲ့အဖြစ်ပျက်တွေ၊
လုပ်ကြံသတ်ဖြတ်မှုတွေ ကြုံတွေ့ရသောအခါ..........
ဝန်ကြီးရာထူးရတာ အားမရသေးဘဲ
မင်းကြီးဖြစ်ဖို့ပါကြံနေတဲ့
ကင်မ်ဂျာဂျွန်းရဲ့လျှို့ဝှက်အစီအစဉ်တွေက ဘာတွေလဲ။
အလျှင်အမြန် ပြန့်နှံ့နေတဲ့ Zombie
တွေရဲ့ အန္တရာယ်ကနေကော
ဂျိုဆွန်းပြည်သူတွေ လွတ်မြောက်နိုင်မလား။
Entertain ဖြစ်လွန်းတဲ့ ဇာတ်လမ်းကြောင့်
ပရိသတ်ကြိုက်ခဲ့တဲ့ Train To Busan လိုပဲ
Rampant ဇာတ်ကားကလည်း
ပရိသတ်အကြိုက်ဖြစ်နေဦးမှာပါ။
စလာကတည်းက အဆက်မပြတ်တိုက်ခိုက်နေတာ၊
သေပြေးရှင်ပြေး လက်မတင်လေး
လွတ်မြောက်အောင် ပြေးနေရတာမျိုးမဟုတ်ပေမယ့် Rampant ဇာတ်ကားက စိတ်လှုပ်ရှားဖွယ်ရာ
အခိုက်အတန့်လေးတွေကို ခံစားမှုရဦးမှာပါ။
အားမလိုအားမရဖြစ်မှုတွေ၊ သေနိုင်မယ်လို့ထင်နေပြီး Zombie တွေလက်ချက်ကြောင့်
သေသွားတဲ့ဇာတ်ကောင်တွေကြောင့်
ပရိသိတ်တွေက ငိုရဦးမှာပါ။
ကိုရီးယားကားထုံးစံအတိုင်း အလွန်အမင်း
ဒရာမာချိုးထားတွေကတော့ နည်းပေမယ့်
မင်းသားကြီး ဂျန်ဒေါင်ဂန် သရုပ်ဆောင်ထားတဲ့
ဗီလိန်ဇာတ်ရုပ်ကတော့
နည်းနည်းလေးအားနည်းတယ်ထင်တယ်။
အသားကုန်ယုတ်မာရက်စက်တာမျိုးမဟုတ်ပေမယ့်
နိုင်ငံရေးလောဘကြောင့်
မလုပ်သင့်တဲ့အမှားမျိုးလုပ်ခဲ့တဲ့
ဝန်ကြီးနေရာသရုပ်ဆောင်ထားတဲ့ ပုံစံကတော့
သူနဲ့တော်တော်လိုက်ပါတယ်။
နောက်ပိုင်းလည်း ဒီလိုဇာတ်ရုပ်မျိုးနဲ့
ပိုမြင်တွေ့စေချင်မိတယ်။
မင်းသားဟွမ်ဘင်းကတော့ ဒီဇာတ်ကားရဲ့
အဓိကနေရာမှာရှိသလို သူရဲ့သရုပ်ဆောင်မှုတွေက
ဇာတ်ကောင် လီချန်းနဲ့စတိုင်နဲ့
တော်တော်လိုက်ပါတယ်။
အလွန်ကြီးမားတဲ့ ဓားကြီးကိုကိုင်ပြီး
Zombie တွေကို လိုက်သတ်တဲ့ စတိုင်ကတော့
အထာကျပါတယ်။
ဒါပေမဲ့ မင်းသားကို အလွန်အမင်း role တင်ချင်တဲ့
ဇာတ်ညွှန်းကြောင့် ဒီ Rampant ဇာတ်ကားက
ထင်သလောက်မကောင်းခဲ့ရခြင်းဖြစ်ပါတယ်။
ဇာတ်ကားအလယ်လောက်ထိ
တင်လာတဲ့ဇာတ်လမ်းက အဆင်ပြေနေချိန်မှာ
နောက်ဆုံးခန်း Third Act မှာ
ဘောလိဝုဒ်ကားစတိုင် ဇာတ်ဝင်ခန်းတစ်ခုကြောင့်
ဒီဇာတ်ကားက ပုံမှန်ကြည့်ပြီး
Entertain ဖြစ်တယ်ဆိုတဲ့ အဆင့်နေရာမှာသာ
ရပ်သွားရခြင်းဖြစ်ပါတယ်။
ကိုရီးယား Zombie တွေရဲ့ထုံးစံအတိုင်း
ပြန့်နှံ့မှုကတော့ အရမ်းမြန်ပြီး
တရစပ်တိုက်ခိုက်တဲ့စတိုင်ကတော့
ပရိသတ်တွေ Zombie တွေရဲ့စတိုင်နဲ့
မိတ်ကပ် တွေ ပြင်ဆင်ထားမှူကို
သဘောကျမှာဖြစ်ပါတယ်။
မိတ်ကပ်ကလည်း တော်တော်ကောင်းပါတယ်။
Rampant ဇာတ်ကားကတော့
Zombie ဇာတ်ကားကိုမှ
ရှေးခေတ်နန်းတွင်းပုံစံစတိုင်ရိုက်ကူးထားလို့
အမြင်ဆန်းဆန်းနဲ့ ကြည့်ရှု့ရမှာဖြစ်သလို
အာရှထုတ် Zombie ဇာတ်ကားတစ်ကား
အနေနဲ့ဆိုရင်တော့ နောက်ဆုံးဇာတ်သိမ်းပိုင်း
အားနည်းတာကလွဲရင်
တော်တော်လေးကြည့်ရအဆင်ပြေတဲ့
ဇာတ်ကားတစ်ကားပါ။
Train To Busan လိုမျိုး
ဇာတ်ကားမျိုးကြိုက်တဲ့သူတွေကတော့ ရုပ်ရှင်ရုံထဲမှာ
သူငယ်ချင်းတွေနဲ့ အတူတူသွားအော်လို့ကောင်းတဲ့
ဇာတ်ကားမျိုးပါ။

✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com
Comments
Post a Comment