Sheep & Wolves (2016) မြန်မာစာတန်းထိုး
ဂရေး ဆိုတဲ့အရွယ်ရောက်နေတဲ့ ဝံပုလွေတစ်ကောင်ဟာ ပျော်ပျော်နေတတ်သူပါ။
အပျော်လွန်ပြီ အပျက်ဖြစ်ရတာတွေကလည်း အကြိမ်ကြိမ်ပေါ့.. ။
ဂရေးမှာ ချစ်သူရှိတယ်.. ။
ဘီယမ်ကာ ဆိုတဲ့ မျက်ဝန်းပြာအစုံပိုင်ရှင် ဝံပုလွေ နတ်မိမယ်လေး..
အရွယ်ရောက်လာတဲ့ သူတို့နှစ်ဦးအတွက် အိုးအိမ်ထူထောင်ဖို့အရေး ဆွေးနွေးရာမှာ ဂရေးရဲ့ ခပ်ပျော်ပျော် ပေါ့ပေါ့ဆဆနဲ့ အလေးအနက်မရှိတတ်တဲ့ အကျင့်စရိုက်တွေကြောင့် မိန်းမသားဖြစ်တဲ့ ဘီယမ်ကာ က ဖိအားပေးလိုက်ခြင်းကနေ အခုလို ဇာတ်လမ်းကောင်းလေးဖြစ်လာခဲ့ရတာပါပဲ။
* ချစ်သူရဲ့ ပြုပြင်ပြောင်းလဲဖို့ တွန်းအားပေးမှုကနေ..
တကယ်ပဲ ဂရေးတစ်ယောက် ပြောင်းလဲနိုင်မှာလား…
.
* အသက်အရွယ်ကြောင့် ဝုံပုလွေအုပ် ခေါင်းဆောင်အဖြစ်ကနေ အနားယူတော့မယ့် မာဂရာရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် လက်ရုံးရည်ယှဉ်ပွဲမှာ ဂရေး တစ်ယောက် ဘယ်လို.. ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေ ကြုံလာရမလဲ..
.
* သိပ်ပြီးတော့ စပွိုင်တွေမထည့်ချင်ဘူးဗျာ..
ဒေါင်းပြီးသာ ကြည့်လိုက်ကြပါတော့ ။
သေချာတာကတော့.. ကျန်ခဲ့နှစ်ဒိတ်ဒိတ်ကြဲကားတွေကြားထဲမှာ မထင်မရှားထွက်လာရပေမယ့် ..
အံ့သြရလောက်အောင် လက်ဖျားခါရမယ့်ကားပါ။
Movie download
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments
Post a Comment