Finding Dory (2016)

မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲမေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့်သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေသူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့

ရှာပုံတော်ခရီးဖွင့်ပါတော့တယ်….ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှထွက်လာခဲ့တာ ဖြစ်ပါတယ်ထွက်လာတော့လည်း Finding Nemo လောက်တော့ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်းFinding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ်ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလားသူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေတစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ်Ed O’ Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်းDisney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ်Inside Out နဲ့ နှိုင်းယှဉ်ပြီး ပြောရရင် Hank ဇာတ်ကောင်ဟာဒီကားရဲ့ Bing Bong လို့ ပြောလို့ရပါတယ်လေ ဒါပေမယ့်Bing Bong ထက်စာရင်တော့ Hankဟာ ပိုပြီး လက်တွေ့ဆန်ကာကိုယ်ချင်းစာဖို့ ကောင်းခဲ့တယ် Inside Out မှာ မထင်မှတ်ပဲပေါ်လာခဲ့တဲ့Bing Bong ဟာ လူကြိုက်အများဆုံးဖြစ်ခဲ့သလိုဝမ်းနည်းစရာလည်း ကောင်းခဲ့တယ် Hank ကလည်း ထိုနည်းတူစွာပါပဲလေ…..Inside Out က ဘာဝမ်းနည်းလို့ ဝမ်းနည်းရမှန်း မသိရလောက်အောင်ရီဝေဝေခံစားချက်တွေ ပေးခဲ့တယ်ဆိုရင်အခု Finding Dory ဟာ ကြည့်ရှုသူတွေကို အားအင်တွေပေးခဲ့တယ်ဒီဇာတ်ကားရဲ့ စကားတစ်ခွန်းဖြစ်တဲ့Just Keep Swimming ဆိုတဲ့ စကားဟာ ကျွန်တော်တို့အတွက်မှန်ကန်လွန်းနေခဲ့ပါတယ်လေ…1. မိဘတွေကို ယုံကြည်ပါ
2. သူတပါးကို ကူညီပါ ကူညီခြင်းကိုလည်း လက်ခံတတ်ပါစေ
3. အခွင့်အရေးကိုလက်မလွတ်ပါနဲ့ မှန်ကန်စွာ အသုံးချတတ်ပါစေ
4. ရဲရင့်ပါ သတ္တိရှိပါ
5. ဇွဲလုံ့လ လုံးဝ မလျော့ပါနဲ့
6. ကိုယ်ဒုက္ခရောက်နေတဲ့ အချိန် ကိုယ့်နားမှာ ရှိနေတဲ့သူဟာ
တကယ့် သူငယ်ချင်းကောင်းပဲကျွန်တော်တို့တွေအားလုံးလည်း ဘဝကဘယ်လိုပဲထိုးနှက်နေပါစေလေ ငါးပြာမလေး Dory လိုပဲ ဆက်လက်ကူးခတ် ရှေ့ဆက်လိုက်ကြရအောင်ဗျာ” Just Keep Swimming “


Movie download





✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments