Lone Survivour
Lone Survivor
ရုပ်ရှင်ဖြစ်ဖြစ်၊စာပေပဲဖြစ်ဖြစ် အကြမ်းဖျဉ်းခွဲမယ်ဆိုရင် Romance ရယ် Realism
ဆိုပြီး ၂မျိုးရှိတယ်လို့ပြောကြတယ် Romance က လူကြိုက်များပေမဲ့ Realism
ကြတော့ တစ်ချို့သောသူတွေနှာခေါင်းရှုံကြတယ်.ပျော်ချင် စိတ်ကြည်းနူးချင်လို
ကြည့်ပါတယ်ဆိုမှ Realism သရုပ်မှန်ဝါဒ ရဲ့ အနိဌာရုံတွေက ကြီးစွာသော စိတ်မချမ်းမြေ့
မှုကိုပေးတယ်လို့ဆိုကြတယ်....တစ်ခုရှိတာက Realism ကိုအနုပညာမြောက်ပုံဖော်ဖို့ကြတော့
အတော်လေးကိုခက်ခဲတယ်လို့ဆိုကြတယ်....တခြားနယ်ပယ်အသီးသီးက Realismကို အနုပညာ
မြောက်အတတ်နိုင်ဆုံးချဉ်းကပ်ချိန်မှာ ကိုယ်တွေဆီမယ်တော့ တက္ကသိုလ်ကန်တင်းမယ် ၁၈ယောက်
စုပြီးဆိုင်ထိုင်လိုက် သူ့အဖွဲ့ငါ့အဖွဲ့ရည်းစားစကားပြောလိုက်..ခပ်ညံညံ..ဒိုင်ယာလော့တွေနဲ့
အုံပွက်လိုက်ပေါ့ ထားတော့ ဒါတွေကအားလုံးသိပြီးသားပါ
ကျွန်တော်ပြောချင်တာက Lone Survivor ကားအကြောင်း Based on ture storyတွေ မင်းသားကြီး
Mark Wahlberg တွေအသာထား.....
ဒီကားက Mark Wahlberg အပါအ၀င် စုစုပေါင်းမရိန်းတပ်သားလေးယောက်က တာလီဘန်စစ်သွေးကြွခေါင်းဆောင် အာမက်ရှ
ကိုသွားရောက်လုပ်ကြံတဲ့အကြောင်းကိုရိုက်ထားတာ သွားလုပ်ကြံတယ် အာမက်ရှမသေတဲ့
အပြင် Mark Wahlbergကလွဲလို့ကျန်တဲ့ ၃ယောက်အသေဆိုးနဲ့သေသွားတယ်.....ကျွန်တော်ပြောချင်တာက
သူတို့ဆီက အနုပညာမြောက် တင်ဆက်ပုံကိုပြောချင်တာ
ဇာတ်လမ်းအစ ပင်ပန်းဆင်းရဲစွာလေ့ကျင့်ရတဲ့ ကြည်းရေလေ
စစ်သားတွေရဲ့လေ့ကျင့်ခန်းတွေကိုပြတယ် ....စစ်သားတွေဘယ်လိုလေ့ကျင့်ရလဲဆိုတာပေါ့
နောက်တော့တဖြည်းဖြည်းဘယ်ကိုဆွဲခေါ်သွားလဲဆိုတော့ အထူးစစ်ဆင်ရေး
အတွက် ဆွေးနွေးတင်ပြချက်တွေ..... ဘာကြောင့်လုပ်ကြံဖို့လွှတ်ရတယ်နယ်မြေအခြေအနေအရဘယ်လိုသွားသင့်တယ်
ဆက်သွယ်ရေးဘယ်လိုလုပ်မယ်..လုပ်ကြံပြီးရင်ပြန်လုံဆုံတွေမဲ့နေရာတွေအကုန်ပါတယ်...အယ် ဒီကြားထဲ ၃မိနစ်စာလောက်
Fresher Welcomeလေးတောင်ထည့်ပေးထားသေးတယ် စစ်တပ်ရဲ့ကြိုဆိုပုံက အတော်လေးကဗျာမဆန်လှဘူး
ရှေ့တန်းစစ်မြေပြင်ရဲ့အခြေစိုက်တစ်နေရာဆိုပေမဲ့ အကုန်လုံးက မုတ်ဆိတ်ကျင်စွယ်တွေ ဆံပင်ဘုတ်သိုက်တွေနဲ့
ကျွန်တော်တို့ဆီတော့ဘယ်လိုနေလဲမသိ....ထားတော့
ဒီလိုနဲ့သူတို့ ၄ယောက် ပစ်မှတ်ရှိရာကိုတိုက်ပွဲဝင် အသင့်အနေအထားနဲ့တဖြည်းဖြည်းသွားနေကြတယ်..နောက်ခံအေးစက်စက်တီးလုံးက
ကြည့်ရှုတဲ့သူကို ရင်ခုန်နေစေတယ် Drone နဲ့ရိုက်ပြခြင်းအားဖြင့် သူတို့သွားတဲ့နယ်မြေ တောင်ကုန်း အခြေအနေတွေ
ကိုကြည့်ရှုသူ ပရိတ်သတ်ကိုပေးသိစေလိုက်တယ် ဒါလေးတွေက ဘာမဟုတ်ဘူးထင်ရပေမဲ့ အတော်လေးကိုအသေးစိတ်ပါတယ်
သူတို့ ၄ယောက် အချိန်တစ်ခုကိုစောင့်ရင်း ချုံထဲမယ်အိပ်နေပေမဲ့ ဆိတ်ကျောင်းသား ၃ယောက်နဲ့မမျှော်လင့်ပဲ ရင်ဆိုင်လိုက်ရတယ်
၃ယောက်လုံးကိုဖမ်းချုပ်ထားရင်း မရိန်းစစ်သား ၄ယောက်စကားအချေအတင်များပါတော့တယ် ပြန်လွှတ်မလား သတ်ပစ်လိုက်ရမလား
ချုပ်ပြီးထားခဲ့မလား ၃ယောက်လုံးကိုသတ်မယ် အဲ့ဒီစကားပြောခန်းတွေကိုတော့ကျွန်တော်အကြိုက်ဆုံးပါပဲ.....သောက်မီဒီယာတွေက သတ်ရင်
ဘယ်လိုအော်ကြမှာ မသတ်ရင် ငါတို့သေမယ် တော်တော်မိုက်ပါတယ်....ဒါပေမဲ့ သူတို့ လွှတ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်......
နောက်တစ်ခုက သူတို့ရောက်နေမှန်းသိလို့ တာလီဘန်တွေ သူတို့ရှိရာတောင်ကုန်းပေါ်ကိုတက်ရှင်းတဲ့အခန်း........
ကျောက်တုံးတွေရှိရာကိုခုန်ဆင်း လှိမ့်ချ......ကြည့်နေတဲ့ကိုယ်ပါ အတော်ခံစားရတယ် ကိုယ်ဆိုရင်ရောဘယ်လိုရွေးမလဲမဆီမဆိုင်တွေးမိသွားတယ်....
ကျွန်တော်ကြည့်တဲ့စစ်ကားထဲမယ် ဒီကားကအကောင်းဆုံးစာရင်းဝင်ပါတယ် .....မြေပြင်မှာဘယ်လိုပဲဖြစ်ဖြစ် သူတို့တင်ဆက်ပုံ ပေးချင်တဲ့
message တွေ တော်တော်ကောင်းပါတယ်.....မကြည့်ရသေးရင်ကြည့်လိုက်ကြဦးဗျ

Comments
Post a Comment