The Great Battle(2018) မြန်​မာစာတန်းထိုး

Frozen flowesထဲကအဖြည့်​ခံမင်းသား​လေး Jo In-sung ရဲ့၂၀၁၈ထွက်​ အသစ်​စက်​စက်စစ်​ကား​လေးဖြစ်​ပါတယ်

(Frozen flowersထဲကလို အခန်း​တွေ​တော့မပါပါဘူး)

တိုင်​ဇုန်​ဧကရာဇ်​ဟာ ကိုရီးယားနိုင်​ငံတစ်​လွှားမြို့​တွေကို လိုက်​သိမ်းပိုက်​ရင်း အချက်​အချာအကျဆုံးမြို့ကို သိမ်းပိုက်​ဖို့ကြိုးစားပါ​တော့တယ်

အဲ့မြို့ကို​ရောက်​ဖို့အတွက်​ မြို့ပြင်​ကခံတပ်​ကိုသိမ်းမှရမှာပါ

ဖြစ်​ချင်​​တော့အဲ့ခံတပ်​မှာ  အဲ့ခံတပ်​မှာတာဝန်​ကျ​နေတဲ့ ​ဗိုလ်​​လေးကအချဉ်​မဟုတ်​ပဲ အချိုဖြစ်​​နေတဲ့အခါ.....

သစ္စာ​ဖောက်​လို့သိထားတဲ့ အဲ့ခံတပ်​က​​ဗိုလ်​​လေးကို လုပ်​ကြံသတ်​ဖြတ်​ဖို့ ​ဗိုလ်​ချပ်​က သူလျှိုတစ်​​ယောက်​လွတ်​လိုက်​တဲ့အခါ......

လူ၂သိန်း​လောက်​​ခေါ်လာပြီး လူအင်​အား၅​ထောင်​သာရှိတဲ့ ခံတပ်​​လေးကို ကျူး​ကျော်​နိုင်​စွမ်းမရှိ​တော့တဲ့အခါ......

(ဇာတ်​လမ်းအ​ကြောင်းကိုသိပ်​မ​ပြောပြချင်​ပါဘူး ကိုယ်​တိုက်​ကြည့်​လိုက်​မှ ဘယ်​​လောက်​​ကောင်းတယ်​ဆိုတာ သိ​စေချင်​လို့ပါ)

ပထမဆုံး​ပြောချင်​တာက ရိုက်​ချက်​​တွေ​တော်​​တော်​​ကောင်းမွန်ပါတယ်​ ဥပမာ

လူအုပ်​ကြားထဲမှာတိုက်​ခိုက်​​နေတုန်း

အ​နှေးကွက်​​တွေနဲ့ပြတာတို့ ​တော်​​တော်​​လေးကိုကြက်​သီးထစရာ​ကောင်းတဲ့အခန်း​တွေပါ

ဒါရိုက်​တာ Kim Kwang-sikရဲ့ တတိယ​မြောက်​ လက်​ရာဖြစ်​ပြီး​တော်​​တော်​​လေးကြိုးစားထားတာကို​တွေ့ရမှာပါ

ကုန်​ကျ​ငွေ ကိုရီးယားဝမ်​ 22 billionsသုံးထားပြီး​တော့ ရုံတင်​​​ငွေ အ​မေရိကန်​​ဒေါ်လာ ၄၁သန်းနီးပါးပြန်​ရရှိထားပါတယ်​ အလားအလာ​ကောင်းတဲ့ဇာတ်​ကားတစ်​ကားပါ။

၂၀၁၈ထဲထွက်​ခဲ့တဲ့ကိုရီးယားကား​တွေထဲမှာ ဒီကားအ​ကောင်းဆုံးလို့သတ်​မှတ်​လို့ရပါတယ်​။

IMDbမှာ 6.2နဲ့ Rotten Tomatoesမှာ

ရာနှုန်းပြည့်​ 100%ရရှိထားပါတယ်

၃၈ကြိမ်​​မြောက်​ Korean Association Of Film Criticsမှာ Awards Top 11 Films ဆုရရှိခဲ့ပြီး

၂ကြိမ်ေ​မြာက် ​The Seoul Awardsမှာ Best New Actorအဖြစ်​ Nam Joo-hyukက ဆုရရှိထားပါတယ်

ဒါ့အပြင်​ ၃၉ကြိမ်​မြောက် ​​Blue Dragon Film Awardsမှာ Best New Actorအဖြစ်​ Nam Joo-hyukကိုလည်း​ကောင်း

Best Cinematography And Lightningမှ Nam Dong-geun Jung Hae-jiတို့ကိုလည်း​ကောင်း

Technical Award(Special Effects)ဆုကို Yoon Dea-wonကိုလည်း​ကောင်း ဆုလျာထားခြင်းခံ​နေရပါတယ်

ရုပ်​ရှင်​ကြည့်​သူများ ဒီဇာတ်​ကားကိုကြည့်​​နေရင်း

ဟင်​​ကနဲဟာကနဲ ဟာ ဒီလိုကြီးလားဆိုပြီး

ဖြစ်​သွား​စေမဲ့လက်​နက်​တစ်ခု​​​လဲပါပါတယ်








✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments