Pain & Gain (2013) မြန်မာစာတန်းထိုး
လူ့လောကမှာ လူနှစ်မျိုးရှိတယ် ဘာမှမလုပ်ပဲ ချမ်းသာတဲ့လူရယ် ၊ အလုပ်အပေါ်မှာ ဘယ်လောက်ပဲ ကြိုးစားပြီး လုပ်သည်ဖြစ်စေ ဘယ်တော့မှ ချမ်းသာမလာတဲ့ လူရယ်တဲ့ ..... တစ်ခါတစ်လေ လောကကြီးက မတရားဘူး ခင်ဗျားတို့ အလုပ်ကို ကြိုးစား လုပ်ကြတယ် ၊ ခင်ဗျားတို့ကို ပြောတဲ့အတိုင်း လုပ်ကြတယ် ၊ ဘဝမှာ ခင်ဗျားတို့ ဘာရခဲ့လဲ ၊ အရေးမပါတဲ့ အရံဟင်းတစ်ခွက် နဲ့ အပေါစား ဆန်နဲ့ချက်နဲ့ ထမင်းပဲစားလိုက်ရတယ် မဟုတ်တယ်လား ။ ကျွန်တော် အတ္ထုပ္ပတ္တိတွေ အများကြီးဖတ်ဖူးတယ် အောင်မြင်တဲ့ လူတွေဆီမှာ တူတဲ့အချက်က တစ်ခုတည်းပဲ ရှိတယ် ။ အဲ့ဒါကတော့ သူတို့ "လုပ်နိုင်တာထက် ပိုလုပ်တာ" ပါပဲ .... ကျွန်တော် အားကျရတဲ့သူတွေက ကိုယ်ထူးကိုယ်ချွန်ခဲ့ကြတာပါ ၊ Rocky တို့ Scarface တို့ The Godfather တို့ထဲက လူတွေပေါ့ ။ သူတို့အားလုံး သုညဘဝနဲ့စပြီး အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ကြတာ ၊ တဘက်တွေခေါက်ရင်းနဲ့ မိုက်ကယ် ကော်လီဝမ် က ဂေါ့ဖားသားဖြစ်ခဲ့တာ မဟုတ်ဘူး ။ ဘုရားသခင်က လူတွေကို ဘာလို့ လက်ဆယ်ချောင်း ပေးခဲ့လဲမသိဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အတွက် ၃ ချောင်းပဲလိုတယ် ။ -ရည်မှန်းချက်ထား -အစီအစဉ်ချ -ပြီးရင်လုပ်တော့ အဲ့ဒိ လက် ၃ ချောင်းစီမံကိန်းအပေါ် စောက်တလွဲ လုပ်လိုက်တာကတော့ Sun Gym ကာယအားကစားရုံက ကာယနည်းပြကြီးကြပ်သူ ဒန်နယယ် လူဂို ပဲဖြစ်တယ် ။ သူ့ လက် ၃ ချောင်းစီမံကိန်းက - ပိုက်ဆံရှိတဲ့လူရှာ - သူပိုင်ဆိုင်သမျှအားလုံး ပေးအောင်လုပ် - ဒီလူကို မွဲလို့မွဲမှန်းမသိအောင် လုပ်ရမယ် တဲ့ တကယ့်ကို စောက်တလွဲတွေချည့်ပါပဲ ရယ်လည်း အရမ်းရယ်ရပါတယ် ။ နှစ်လောင်းပြိုင်လူသတ်မှု ၊ တရားမ၀င်အသက်မွေးမှု ၊ ခြိမ်းခြောက်ငွေညှစ်မှု ၊ ခိုးမှု၊ လူသတ်ရန်ကြံစည်မှု ၊ ဓားပြတိုက်မှု ၊ ဖောက်ထွင်းမှု ၊ ငွေမည်းခဝါချမှု ၊ လိမ်လည်အတုပြုမှုတွေကို ရက်ရက်စက်စက် လုပ်ပြသွားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ် ။ ဒီရုပ်ရှင်ဟာ ၁၉၉၄ အောက်တိုဘာနဲ့ ၁၉၉၅ ခုနှစ် ဇွန်လကြား ဖလော်ရီဒါပြည်နယ် မိုင်ယာမီမှာဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းပါ ။ Daniel Lugo အဖြစ် Mark Wahlberg Paul Doyle အဖြစ် Dwayne Johnson Adrian Doorbal အဖြစ် Anthony Mackie John Mese အဖြစ် Rob Corddry Victor Kershaw အဖြစ် Tony Shalhoub တို့က သရုပ်ဆောင်ထားပါတယ် ။
File Size : 974 MB
Quality : Blu-Ray 1280x536
Running Time : 2hr 09min
Format : Mp4 Audio System: 5.1 Channel
File Size : 974 MB
Quality : Blu-Ray 1280x536
Running Time : 2hr 09min
Format : Mp4 Audio System: 5.1 Channel
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com
Comments
Post a Comment