Principal : Am I a Heroine Who Is In Love ( 2018 ) - မြန်မာစာတန်းထိုး
ဒီဇာတ်ကားလေးကတော့ 2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Principal ဆိုတဲ့ Manga Series လေးကို Live Action အဖြစ် ပြန်ပြီး အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ ...
မိဘနှစ်ပါးဖြစ်သူ ကွာရှင်းပြတ်ဆဲပြီးတဲ့ နောက်မှာ Shima Sumitomo ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ မိခင်နှင့်အတူ နေထိုင်ခဲ့ပါတယ် ... ဒါပေမဲ့ ပထွေးဖြစ်သူနဲ့နေရအဆင်မပြေတာရယ် , သူမရဲ့ အထက်တန်းကျောင်းက သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့ ပိတ်ပင်ခံရတာတွေကြောင့် Shima Sumitomo ဟာ သူမရဲ့ အဖေအရင်းနေထိုင်တဲ့ Hokkaido ကို ပြောင်းရွှေ့ခဲ့ပါတယ် ...
Hokkaido ရောက်တော့ သူမတက်ရတဲ့ အထက်တန်းကျောင်းမှာ အတန်းဖော်တွေဖြစ်တဲ့ Gen Tatebayashi နဲ့ Wao Sakurai တို့နဲ့ တွေ့ဆုံခဲ့ပါတယ် ... သူတို့နှစ်ယောက်ကတော့ အထက်တန်းကျောင်းမှာ မိန်းကလေးတွေကြား ရေပန်းစား လူကြိုက်များတဲ့ ကောင်လေးနှစ်ယောက်ပေါ့ ... Gen နဲ့ Wao ဟာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပဲ အားလုံးအတွက် ဆိုပြီး စည်းမျဉ်းလေးတစ်ခု ချထားပါတယ် ... အဲ့စည်းမျဉ်းကိုဖောက်မိတဲ့သူကတော့ တကျောင်းလုံးက လူတွေရဲ့ ဝိုင်းပစ်ပယ်ခြင်းကို ခံရမှာပါ ... အကြောင်းကြောင်းကြောင့် Shima Sumitomo ဟာ Gen နဲ့ Wao တို့ကို ရင်းနှီးသွားခဲ့ပါတယ် ...
ရင်းနှီးသွားရာကနေ တစ်ဆင့်တိုးပြီး Shima Sumitomo တစ်ယောက် ဘယ်သူ့ကို ချစ်သက်ဝင်မိမလဲ ? Gen နဲ့ Wao ကရော Shima Sumitomo အပေါ် ဘယ်လို သဘောထားမလဲ ? Gen နဲ့ Wao သူငယ်ချင်း နှစ်ဦးရဲ့ ဆက်ဆံရေးက ဘယ်လိုရှိမလဲ ? စသဖြင့် မိန်းကလေးတွေ သဘောကျ နှစ်ခြိုက်လောက်မယ့် ဇာတ်အိမ်မျိုးနဲ့ တည်ဆောက်ထားပါတယ် ...
Rating အရ IMDb မှာ 6.1/10 နှင့်အတူ MyDramaList မှာ 92 ရရှိထားတဲ့ ဇာတ်ကားလေးပါ ...
မင်းသားမင်းသမီးတွေကလဲ အချောလေးတွေ ဖြစ်တာကြောင့် ဘုရားဖူးရင်း လိပ်ဥတူးရင်း ဆိုသလို ရုပ်ရှင်ကြည့်ရင်း မျက်စိ အစာကျွေးလိုက်ကြရအောင်ဗျာ ...
Movie download
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments
Post a Comment