Tinker Bell and the Legend of the NeverBeast (2014)

အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်
ကာကွယ်ရေးအဖွဲ့တစ်ခုရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ် အထူးသဖြင့်
နတ်သမီးတွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ
ဒါကလည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်းအရာတွေကြောင့် လုပ်နေရတာပါပဲ
ဒီထဲမှာတမူကွဲထွက်လာတာက FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ ရက်စက်တယ်လို့သတ်မှတ်ထားတဲ့
အကောင် ကြီးတွေမှာ လည်းသူတို့လို့နှလုံးသားရှိလေတော့ သိမ်မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ်
အဲ့ဒါကြောင့် ရှေးအစဉ် အလာသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး
ရက်စက်ပါတဲ့ဆိုတဲ့အကောင်တွေကိုလက်ပွန်းတနီးနေကြည့်တယ် အဲ့ဒါကြောင့်ကာ
ကွယ်ရေးအဖွဲ့တွေရဲ့အမြင်စောင်းမှုခံရသလို ဘုရင်မ သတိထားမိစရာလည်းဖြစ်လာတယ်
ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး တစ်နေ့တော့ အလွန်တရာကြီးမားတဲ့ ခြေ၄ချောင်းနဲ့အကောင်ကြီးကို
ဂူတစ်ဂူမှာတွေ့ခဲ့တဲ့အဲ့ဒီအကောင်ကြီးရဲ့အခက်အခဲ ကိုဖြေရှင်းပေးတော့ သံယောဇဉ်တွေတွယ်မိကြတယ် ဒါပေမဲ့
အဲ့ဒီအကောင်ကြီးဟာ ရှေးကရေးခဲ့တဲ့စာတွေအရ အန္တရယ်အရှိဆုံး အကောင်ကြီးဖြစ်နေတဲ့အပြင်
သဘာဝလွန်ဖြစ်ရပ်တွေနဲ့သူတို့နတ်ဘုံလေးကိုဖျက်ဆီးမဲ့သူဖြစ်နေတယ် ကာကွယ်ရေးအဖွဲ့တွေရယ်
FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာအကောင်ကြီးရယ်
ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင်စားစရာပါ ဒီကားက ANNIMATIONကားဆိုပေမဲ့
ကလေးတွေအတွက်ရောလူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ ရှေးရိုးစွဲအယူအဆတွေကို
၁ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ် ဖြူစင်တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ
စူးစမ်းဆင် ခြင်စိတ်လေးတွေရဲ့ကောင်းကျိုးအဖြစ်
Messageပေးတဲ့ဇတ်ကားလေးပါ နောက်ခံသီးချင်းလေးတွေကလည်း အရမ်းကိုကောင်းလွန်း တာမို့
ဇတ်လမ်းဇတ်ကွက် ရသမြောက်လွန်းတယ်လို့ညွှန်းပါရစေ ကဲခံစားကြည့်လိုက်ပါဦးလို့


Movie download






✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com


Comments