Sing (2016)
၂၀၁၆ ရဲ့ အကျော်ကြားဆုံး Animation တွေထဲက တစ်ခု တင်ပေးထားပါတယ်။ Box Office ရဲ့ ထိပ်ပိုင်းမှာနေရာယူခဲ့ပြီး Golden Globe ဆန်ကာတင်ခဲ့တဲ့ ကားပါ။ IMDb 7.2 နဲ့ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရထားခဲ့ပါပြီ။ နာမည်ကြီး အဆိုတော်တွေ ဂန္ဓာဝင်သီချင်းတွေ၊ ကျော်ကြားတဲ့သီချင်းတွေနဲ့ ကောင်းမွန်တဲ့ ဇာတ်အိမ်တစ်ခုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်းမှာတော့ ဒေ၀ါလီခံရခါနီး ဇာတ်ရုံပိုင်ရှင် မွန်းဟာ သူ့ရဲ့ မအောင်မြင်တဲ့ ရှိုးတွေကနေ ဖောက်ထွက်ပြီး ဇာတ်ရုံကို ပြန်အဖတ်ဆယ်ဖို့ အဆိုပြိုင်ပွဲတစ်ခု လုပ်ဖို့စတင်ပါတော့တယ်။ သူပိုင်ဆိုင်သမျှဒေါ်လာ တစ်ထောင်ကို ဆုကြေးအဖြစ်ကြေညာမလို့လုပ်ပေမယ့် စာရိုက်အမှားကြောင့် ဒေါ်လာတစ်သိန်းအဖြစ်ကြေညာမိပြီး တစ်မြို့လုံးက လာရောက် အရွေးခံကြတဲ့အခါ….. သီချင်းကိုရူးသွပ်တဲ့ အိပ်မက်ကိုယ်စီနဲ့ ၀ါသနာရှင်တွေ ထွက်ပေါ်လာပါတော့တယ်…..ကလေး ၂၅ ယောက်အမေ အိမ်ထောင်ရှင် ရိုစီတာ…လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့သားပေမယ့် အဆိုတော်ပဲလုပ်ချင်တဲ့ ဂျွန်နီ…..လူလည်အဆိုတော် မိုက်….အသဲကွဲရော့ကာလေး အက်ရှ်…နဲ့ လူအရမ်းကြောက်တဲ့ မီနာတို့ပါပဲ…ဒါပေမယ့် တကယ်မရှိတဲ့ ဆုကြေးအတွက် မွန်းဘယ်လိုဖြေရှင်းမှာလဲ….ဘာမျှော်လင့်ချက်မှ မရှိတဲ့ ရှိုးပွဲမှာ သူတို့ဘ၀တွေကရော သီချင်းတွေအတွက် ဘယ်လောက်ပေးဆပ်နိုင်မလဲဆိုတာ…..
Movie download
✪ kwp marshmello ( movie ) ✪
✪ credit to the original ✪
kowaiphyolinkwpmarshmello.blogspot.com

Comments
Post a Comment